Showing posts with label Ubuntu. Show all posts
Showing posts with label Ubuntu. Show all posts

Packet_Tracer


Packet tracer ကတော့် computer_network လေ့လာသင်ယူဖူးသူတိုင်းသိမှာပါ။computer_network_ simulation software တစ်ခုဖြစ်ပြီး Cisco System မှ provide ပြုလုပ်ထားတာပါ။သူ့ကိုအဓိက အသုံးပြုတာကတော့် education မှာ training အနေနဲ့အသုံးပြုတာပါ။ယခုလက်ရှိမှာ ၎င်း ဆော့်ဝဲကို အလွယ်တကူ Install ပြုလုပ်နိုင်ဖို့ DEB package အနေနဲ့ရရှိနိုင်ပြီ ဖြစ်ပါတယ်။
သူ့ရဲ့မူရင်း homepage မှာ register ပြုလုပ်ပြီးတော့် သက်ဆိုင်ရာ Linux_distro တွေ အတွက် packet တွေကို သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။
ဖော်ပြပါ လင့်တွေမှာလည်း  1    2    3  သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။


ကျွန်တော်တို့ ဒေါင်းလော့ချလို့ရလာတဲ့ package ကို unzip ပေးပြီးတော့် executable ပြုလုပ်နိုင်အောင် permission ပြုလုပ်ပေးရမှာဖြစ်ပါတယ်။(မူရင်း ဒေါင်းလော့ချထားတဲ့နေရာမှာလည်း permission ပြောင်းလဲဖို့ ညွန်းထားပါတယ်)။

Android SDK (Eclipse)


ကျွန်တော်တို့ Android Developer(or) user တစ်ယောက်ဖြစ်ဖြစ် andriod app တွေကိုအသုံးပြုဖို့လိုအပ်မှာ ဖြစ်ပါတယ်။user ယောက်အနေဖြင့်လည်း android application တွေကို ubuntu ပေါ်မှာ test ပြလုပ်နိုင်ပါတယ်။Android ကိုအသုံးပြုမယ်ဆိုလျှင် ပုံမှန်အတိုင်းပင် Java JDK  ကိုလိုအပ်မှာဖြစ်ပါတယ်။ ထို့နောက် Eclipse IDE နဲ့ SDK Tools တွေရှိရမှာဖြစ်ပါတယ်။


Install ပြုလုပ်နည်းအနည်းငယ်ကွဲပြားစွာရှိနိုင်ပါတယ်။ယခင်က JDK နဲ့ IDE တို့ကို တစ်ခုချင်းဆီ install ပြုလုပ်ရသော်လည်း ယခု ထိုနှစ်ခုကို တစ်ပေါင်းတည်းစုထားသော package ကိုအသုံးပြုခြင်းအားဖြင့် တစ်ပြိုင်တည်း install ပြုလုပ်နိုင်သည်ဖြစ်သည်။အောက်ဖော်ပြပါ command_line အားအသုံးပြုပါ။

Google_earth ( alternative view)


Google earth ကိုအသုံးပြုတဲ့သူတွေ ရှိကြမှာပါ။ ကျွန်တော်လည်း အစတုန်းက ကောင်းကောင်းမသုံးတက်ပါဘူး။ နေရာလေးဘာလေး သွားကြည့်တာပါ။  (ဥပမာ နော်မန်ဒီ ကန်ခြေတိုက်ပွဲ ဇာတ်ကားပြီးရင် အဲနေရာကို သွားကြည့်တာပါ  ရောက်ဖူးတယ်ရှိအောင်လို့ပါ..:P)။ အသေးစိတ် အသုံးပြုပုံကိုတော့်   http://support.google.com/earth/bin/answer.py?hl=en&topic=2376018&answer=148176&parent=2376017&rd=1 လင့်မှာသွားရောက်လေ့လာနိုင်ပါတယ်။ install ပြုလုပ်ပုံအနည်းငယ်ရှိပါတယ်. တစ်ချို့ကတော့် command_line ကနေပြုလုပ်ပါတယ်။ ကျွန်တော်ကတော့် အလွယ်တကူ သူရဲ့မူရင်း page ကနေဒေါင်းလော့ချပါတယ်။

MPI( Message Passing Interface)


MPI (message passing interface)ဆိုတာကတော့် message passing liberary တစ်ခုပါ။ C/C++/Foturn Language တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ parallel programmer သမားတွေ အသုံးပြုကြမှာပါ။ ကျွန်တော်တို့ window မှာအသုံးပြုချင်ရင် VS2010 (Virtual Studio) ကို install ပြုလုပ်ပြီး library ပြန်လည် ပြင်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ အခု ubuntu မှာ mpi ကို install ပြုလုပ်ပြမှာ ဖြစ်ပါတယ်။install ပြုလုပ်ရန် အောက်ဖော်ပြပါ command line ကိုအသုံးပြုပါ။
sudo apt-get install lam-runtime lam4-dev
(တစ်ခြားသော liberary တွေလည်းရှိပါတယ် ကျွန်တော်အခုဟာ ကိုအသုံးပြုရတာ အဆင်ပြေပါတယ်)။

အခု mpi program တစ်ခုကို အစမ်း run ပြပါမယ်။(c program နဲ့ပါ)

Macchanger (MAC_address changer)


MAC address ဆိုတာကတော့် NIC(network card) ပေါ်က firmware ပေါ်မှာရေးထားတဲ့ coded ဖြစ်ပါတယ်. MAC ကိုချိန်းဖို့ဆိုတာ firmware ထဲက data တွေကိုချိန်းမှရမှာပါ။ဆိုလိုတာကတော့် ယခု MAC address change ဆိုတာကတော့် temporary change ခြင်းပဲဖြစ်ပါတယ်။(အကြောင်းအမျိုးမျိုးကြောင့် ချိန်းကြပါတယ်။(ကျွန်တော်တို့ဆီမှာ internet access ပေးထားတဲ့ MAC address အဟောင်းတွေကို service မှာပြန်မပြောင်းချင်လို့ ချိန်းသုံးတာများပါတယ်။)။


Ubuntu များ mac_address ချိန်းနည်း အနည်းငယ်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့် default အနေဖြင့် ifconfig ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကတော့် macchanger ကိုအသုံးပြုပါတယ်။ ၎င်း မှာ feature အနည်းငယ် ပိုမိုပါဝင်ပါတယ်။

Uninstall/Remove ubuntu


double boot တင်ထားတဲ့ ubuntu ကို uninstall ပြန်လည်ပြုလုပ်မှာဖြစ်ပါတယ်။
ထိုသို့ ပြုလုပ်ရာမှာ window_os DVD နဲ့ပြုလုပ်မှာ ဖြစ်ပါတယ်။ပြုလုပ်ရတာကလည်း မခက်ခဲပါဘူး သာမာန်ပါပဲ။

ပထမဦးစွာ window_os မှ
My computer(right click) ->computer manangement ->storage ->Disk manangement ကိုသွားရင် partition_box ပေါ်လာမှာဖြစ်ပါတယ်။
ထို partition တွေထဲကမှ linux_os အသုံးပြုထားတဲ့ partition ကိုရှာဖွေပြီး right_click ထောက်ပြီး delete ပြုလုပ်ပါ။

(Partation label ပေါ်မှာမဟုတ်ပါဘူး linux_os က ext4 filesystem အသုံးပြုထားတဲ့အတွက် NTFS နဲ့ FAT32 ကလွဲတဲ့ partition တွေက linux_os အသုံးပြုထားတဲ့ partition တွေပါ delete ပြုလုပ်ပါ)။

Script Proxy Sever


Script proxy sever ဆိုတာကတော့် client PCs တွေနဲ့ ပုံမှန်အားဖြင့်တော့် Internet(website) ကြားမှာ ကြားခံထားတဲ့ ကြားခံတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့် internet access speed ကို increase ဖြစ်လာဖို့နဲ့ bandwith usage ကိုလျော့ချဖို့ပဲဖြစ်ပါတယ်။
ဥပမာ ကျွန်တော်တို့ block တစ်ခုမှာ ကွန်ပျူတာ 5 လုံးကို connection တစ်ခုတည်းမှာ share ထားလိုက်ပြီး user(client)တွေက facebook တစ်ခုတည်းကိုပဲ request ပြုလုပ်နေလျှင် တူညီတဲ့ webpage တစ်ခုတည်းကို client 5 ခုစလုံး download ပြုလုပ်နေတဲ့အတွက် connection ကိုနှေးစေပါတယ် ထို့အပြင် limit လိုက်ပေးချေရတဲ့ services တွေဆိုရင်လည်း internet ၀န်ဆောင်ခ ပိုမိုကုန်ကျမှာဖြစ်ပါတယ်။(တစ်ချို့ office တွေမှာဆိုရင် ကွန်ပျူတာ အလုံး 100 လောက်ရှိရင် သိသာပါတယ်.)


After installation


Ubuntu installation ပြုလုပ်ပြီးတဲ့အခါ နောက်ထပ်ဘာတွေလိုအပ်လဲဆိုတော့် ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပေါ့ဗျာ.။ကျွန်တော်အခုဖော်ပြပါမှာက အဓိက အလိုအပ်ဆုံး တွေမဟုတ်ပါဘူး။ မဖြစ်မနေ လုပ်သင့်တဲ့အရာလေးတွေနဲ့ ကျွန်တော် ကြိုက်လို့ install လုပ်တာလေးတွေပဲဖော်ပြမှာဖြစ်ပါတယ်။။

(၁)update and upgrade


အဲဒါကတော့် မဖြစ်မနေလုပ်ရမယ့်အထဲမှာပါပါတယ်။ update ကတော့် လက်၇ှိ os ကို update ပေးတာဖြစ်ပြီး upgrade ကတော့် system တစ်ခုလုံးကို upgrade ပြုလုပ်လိုက်တာဖြစ်ပါတယ်။update နဲ့ upgrade ပြုလုပ်ဖို့ အတွက် terminal(clt+alt+t ) ကနေ အောက်က command လေးကိုထည့်ပြီး enter ခေါက်လိုက်ရုံပါပဲ။
sudo apt-get update && sudo apt-get upgrade

Remastersys(back_up)


Remastersys ကတော့် backup အတွက်သာ မက တစ်ခြားသော feature တွေလည်း ပါဝင်ပါတယ်။(ဥပမာ ကျွန်တော်ဆိုရင် custom distro ထုတ်ထားတက်ပါတယ်)။

Remaster install လုပ်နည်းတွေ အနည်းငယ်ကွဲပြားစွာရှိတက်ပါတယ်။အခု ubuntu အတွက် default ပေးထားတဲ့အတိုင်းပဲ install ပြုလုပ်ပါမယ်။
ပထမဆုံး root အနေနဲ့ အသုံးပြုရမှာ ဖြစ်တဲ့အတွက် terminal မှာ sudo su ဆိုပြီး enter ခေါက်လိုက်ပါ။
ပြီးတော့် သက်ဆိုင်ရာ gpd key အား apply ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command အား terminal မှာ ရိုက်ထည့်ပါ။

wget -O - http://www.remastersys.com/ubuntu/remastersys.gpg.key | apt-key add -

Conky installation


Conky ဆိုတာကတော့် ဘက်စုံသုံးလို့ရတဲ့ desktop mornitor system တစ်ခုပါ။processor,memory နဲ့ network အသုံးပြုမှု့တွေ အပါအ၀င် အချက်အလက်တော်တော်များများကို တွက်ချက်ဖော်ပြနိုင်ပါတယ်။ conky တစ်ခုကို script တွေ ကျယ်ပြန့်စွာရေးနိုင်သလောက် ချဲ့ထွင်နိုင်ပါတယ်။
ဒီနေရာမှာတော့် conky ကိုရေးသားတဲ့ parameter တွေ argument တွေ function တွေ ဖော်ပြပါမှာမဟုတ်ပါဘူး။ ရေးထားပြီးသား script အသေးလေးတွေကိုပဲ အသုံးပြုနည်း install ပြုလုပ်နည်းကိုဖော်ပြပေးမှာပါ။ တစ်ခုလောက်နားလည်ရင် နောက်ပိုင်း သဘောတရားတွေ ကအတူတူပါပဲ။

အခု conky ကိုအသုံးပြုဖို့အတွက် conky ကို install ပြုလုပ်ရပါမယ်။

Terminal ကနေ အောက်ဖော်ပြပါ command ကိုရိုက်ထည့်ပေးပါ။

sudo apt-get install conky-all

Backtrace tools installation


FB က bracktrace group မှာ တစ်ခါရေးခဲ့ဖူးပါတယ်။ ခုတစ်ပေါင်း တစ်စည်းတည်းဖြစ်သွားအောင် ဒီမှာ ပြန်ရေးလိုက်တာပါ။
Ubuntu မှာ backtrace tool တွေ install လုပ်လို့ရပါတယ်။backtrace ဆိုတာကတော့် အကောင်းဆုံး hacking,security testing linux _os တစ်ခုပါ။အဓိကက တော့် tool တွေပါပဲ။သူရဲ့ မူရင်း homepage သွားလေ့လာကြည့်ပါ။

အဆင့်(၁)

ပထမဆုံး sources_list ကိုဖွင့်ဖို့အတွက် အောက်က command ကို terminal မှာ ရိုက်ထည့်ပေးပါ။
sudo gedit /etc/apt/sources.list 


LAMP installation ( Local_host )



Web developer သမားတွေနဲ့ script တွေကိုလေ့လာနေတဲ့သူတွေအတွက် အဓိကပါ။ကျွန်တော်တို့ online ပေါ်မတင်ခင် မိမိစက်ထဲမှာ local အနေနဲ့ test ပြုလုပ်ဖို့ အတွက် webserver တစ်ခုခု install လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါ။localhost အတွင် software တွေအများအပြားရှိပါတယ်။ တယ်။အဓိက အသုံးများတာ ကတော့် XAMPP နဲ့ WAMP ပါ။(window 98 နဲ့ ME တွေမှာအလုပ်မလုပ်ပါဘူး)။တစ်ခြားထဲကဆိုရင် Zend Server CE ကလည်း ကောင်းတယ်လို့ပြောကြပါတယ်။(ကျွန်တော့်ကတော့် WAMP ပဲသုံးဖူးပါတယ်)။အခု Linux မှာတော့် open source web development တစ်ခုဖြစ်တဲ့  LAMP(linux,Apache,MySQL,PHP) ကို ubuntu မှာ install ပြုလုပ်မှာ ဖြစ်ပါတယ်။

အဆင့်(၁)

ပထမဦးဆုံး ဘာမှ error မရှိအောင် update လုပ်လိုက်တာပိုကောင်းပါတယ်။
sudo apt-get update
LAMP install လုပ်နည်း အနည်းငယ်ရှိပါတယ်။အဲထဲကမှ အလွယ်ဆုံးနည်းနဲ့ ပြုလုပ်ပြသွားမှာ ဖြစ်ပါတယ်။ command line တစ်ခုတည်းနဲ့ install ပြုလုပ်သွားမှာ ဖြစ်ပါတယ်။(Debian default packages ပါ ubuntu မှာ လည်းအလုပ်လုပ်ပါတယ်)။treminal မှာ အောက်က command ကို ရိုထည့်လိုက်ပါ။
sudo apt-get install tasksel

Joomla installation


Joomla ဆိုတာကတော် world wide web တွေပေါ်ကို publishing ပြုလုပ်ရန်အသုံးပြုနိုင်တဲ့ web application framework တစ်ခုဖြစ်ပါတယ်။100% free source တစ်ခုလည်းဖြစ်သလို install ပြုလုပ်ရတာ လည်းလွယ်ကူပါတယ်။ယခု ကျွန်တော်ရေးနေတဲ့ အချိန်မှာ version 2.5 ထိရောက်ရှိနေပါပြီ။ (အကယ်၍ အသုံးပြုမယ်ဆိုရင် 2.0 အောက်ကို အသုံးမပြုသင့်ပါ ကျွန်တော့် အသိတစ်ယောက် ပြောပြဖူးပါတယ် security ပိုင်းဆိုင်ရာမှာ hack လို့လွယ်သွားပါပြီ 2.0 နဲ့အထက်ကို ပဲအသုံးပြုသင့်ပါတယ်) ကျွန်တော်တို့ local host ကို install ပြုလုပ်ပြီးပြီ ဆိုလျှင် joomla ကို ဆက်လက် install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။(LAMP installation ကိုဒီမှာ ကြည့်ပါ။)

ပထမဦးစွာ joomla ကို download ချဖို့အတွက် www.joomla.org ကိုသွားပါ။Download other joomla 2.5x packages ကို click နှိပ်ပြီး ဒေါင်းလော့ချဖို့ရွေးချယ်ပါ။


Run C/C++ program on ubuntu( GCC complier)


c/c++ ဆိုတာကတော့် popular အဖြစ်ဆုံး programming language တွေထဲကတစ်ခု ပဲဖြစ်ပါတယ်။c/c++ သာမကပဲ တစ်ခြားသော Programming (Java,PHP,Peral,Scriptin,Ruby..)တွေလည်း   ubuntu အပါအ၀င် တစ်ခြားသော distro တွေမှာ အသုံးပြုရတာ အဆင်ပြေပါတယ်။)

ပထမဦးစွာ c/c++ ကို complie ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ development libraries တွေကို install ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command ကိုအသုံးပြုပါ။
sudo apt-get install build-essential
ကျွန်တော်ကတော့် gcc complier ကိုအသုံးပြုမှာ ဖြစ်ပါတယ်. gcc complier ကို install ပြုလုပ်ပါ့မယ်။အောက်က command_line ကို အသုံးပြုပါ။
 sudo apt-get install gcc

First C program

ကွန်တော်တို့ install ပြုလုပ်ပြီးပြီဆိုလျှင် ပထမဦးစီး c ပရိုဂမ်တစ်ခုကို စမ်းသပ်ပြီး complie ပြုလုပ်ကြည့်ပါမယ်။

Installation from usb


Ubuntu အပါအ၀င် linux distro တွေကို usb ကနေ install ပြုလုပ်ဖို့ software တွေအမျိုးမျိုးရှိပါတယ်။ Usb ကနေ double_boot linux တင်ဖို့အတွက် ကျွန်တော်အသုံးပြုတာကတော့် uniboot ပါ။ ၎င်းရဲ့ homepage ဖြစ်တဲ့ http://unetbootin.sourceforge.net/  သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။
ဒေါင်းလော့ချပြီးရင် ကျွန်တော်တို့install ပြုလုပ်မယ့် linux_distro ကို ဒေါင်းလော့ချပါ့မယ်။ ကျွန်တော်တို့ ubuntu ကို install ပြုလုပ်မှာဖြစ်တဲ့အတွက် ubuntu ကိုသူ့ရဲ့ homepage ကနေ ဒေါင်းလော့ချပါမယ်။

Uneboot နှင့် ubuntu နှစ်ခုစလုံး ဒေါင်းလော့ချပြီးရင် ပထမဦးစွာ uneboot ကိုဖွင့်လိုက်ပါ။

အဆင့်(၁)

Uneboot နှင့် ubuntu နှစ်ခုစလုံး ဒေါင်းလော့ချပြီးရင် ပထမဦးစွာ uneboot ကိုဖွင့်လိုက်ပါ။
1 -> Diskimage ကိုရွေးချယ်ပါ။
2-> မိမိ usb တည်ရှိတဲ့ drive letter ကိုရွေးချယ်ပေးပါ။
3-> မိမိ download ပြုလုပ်ထားတဲ့ ubuntu တည်ရှိတဲ့ ဖိုင် location ကိုရွေးချယ်ပေးပါ။

ထို့နောက် ok ပေးလိုက်ပြီးပါက process ပြုလုပ်ပြီးသွားသော် restart တောင်းသောအခါ restart ပေးလိုက်ပါ။

Installation(from DVD)


ဘလော့မှာ ubnutu topic တစ်ခုအနေနဲ့ လုပ်လိုက်တာကြောင့် installation ပြုလုပ်တာကနေစပြီး ဖော်ပြလိုက်တာပါ။ အခုဖော်ပြမဲ့ guide ကတော့် window_os  တင်ပြီးသားတစ်ခုခုကို unbuntu ထပ်မံတင်မှာပါ။ ဆိုလိုတာကတော့် double_boot တင်ပါမှာ။ပုံမှန်အတိုင်းပဲ dvd ကနေတင်မှာပဲဖြစ်ပါတယ်။

(Usb ကနေ double_boot linux တင်ဖို့အတွက် ကျွန်တော်အသုံးပြုတာကတော့် uniboot ပါ။(တစ်ခြားဆော့်ဝဲတွေလည်းရှိပါတယ် http://unetbootin.sourceforge.net/  )

ကျွန်တော်တို့အသုံးပြုမည့် ubuntu os ကို သူ့ရဲ့ home_page ကနေ ဒေါင်းလော့ ချယူပါ။
http://www.ubuntu.com/ ကနေ နောက်ဆုံး version ကို ဒေါင်းလော့ချယူပါ။(ubuntu desktop)။ dvd burn ပြီးတဲ့အခါ dvd_drive ကနေ boot တက်လိုက်ပါ။

Step(1)
ပုံတွင် try နှင့် install နှစ်ခုရှိပါတယ်။install ပြုလုပ်မှာ ဖြစ်တဲ့အတွက် install ubuntu ကိုပဲရွေးချယ်မှာဖြစ်ပါတယ်။