POINTER AND REFERENCES(указателя и ссылки)

The concept of pointer and references

Declaration of pointer(Объявление указателей)
ကွန်ပျူတာ၏ memory သည် bites(memory unit) ဖြင့်တိုင်းတာထားသော တိကျသော address များဖြင့် တည်ရှိနေသော အစိတ်အပိုင်းများဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။high level language များတွင် variable များအား memory တွင် နေရာချထားရန်အတွက် ပူပင်စရာမလိုပေ။အဘယ်ကြောင့်ဆိုသော် complier မှ အလိုအလျှောက်ဖြေရှင်းတွက်ချက်လိုက်သော ကြောင့်ဖြစ်သည်။သို့သော် programming ရေးသားတွက်ချက်ပြုလုပ်ရာတွင် variable များဆီသို့ return ပြန်ရာတွင် ၎င်းတို့၏ address များအား အသုံးပြုရာတွင် ပိုမို၍လွယ်ကူစေသည်။ထိုသို့ ရည်ရွယ်ချက်ဖြင့် pointer အားအသုံးပြုခြင်းဖြစ်သည်။

Pointer(index) ဆိုသည်မှာ variable တစ်ခုဖြစ်ပြီး ၎င်းတွင် အခြား variable ၏ address ပါဝင်ပေသည်။address ဆိုသည်မှာ memory cell မှ location တစ်ခုဖြစ်သည်ဟုနားလည်မှတ်ယူနိုင်သည်။
အကယ်၍ variable name တစ်ခုအား အသုံးပြုလျှင် ကျွန်တော်တို့သည် ၎င်းဆီသို့ တန်ဖိုးအား တိုက်ရိုက် access ပြုလုပ်နိုင်မည်ဖြစ်သည်။သို့သော် pointer အားအသုံးပြုလျှင် တိုက်ရိုက် access ပြုလုပ်နိုင်မည်မဟုတ်ပေ။
Pointer အားကြေငြာရန်အတွက် *(asterisk) အား data type ၏နောက်တွင် space ခြား၍ ဖြည့်စွက်ရေးသားရမည်ဖြစ်သည်။


Example
int i;             / / i - integer variable;
char c;          / / c - a character type variable;
int * i Ptr;     / / Pointer to an integer variable, stored in a
                   / / Memory location; interpreted as "* i Ptr is something like int";
                   / / The same as the declaration int * i Ptr;            
char * cPtr;    / / "* cPtr expression is something like char"
အကယ်၍ pointer တစ်ခုထက်ပိုမို၍ ကြေငြာလိုပါက *(asterisk) အား တစ်ခုခြင်းဆီ၏ရှေ့တွင်ထည့်ပေးရမည်ဖြစ်သည်။
Float *fptr1,*fptr2,*fptr3

အောက်ဖော်ပြပါ အချက်သုံးချက်အား သတိပြုမိသင့်သည်။
Pointer သည် int(သို့)float တို့ကဲ့သို့ variable ဖြစ်သည်။
Pointer ၏ variable type တွင် memory ပေါ်မှ နေရာတစ်ခုသို့ ညွန်ပြသော address ပါဝင်သည်ဖြစ်သည်။
Memory location ပေါ်တွင် သိမ်းဆည်းထားသော တန်ဖိုးများသည် pointer တွင် တိုက်ရိုက်တည်ရှိနေသော data များဖြစ်သည်။

အခြားသော variable များသကဲ့သို့ပင် pointer သည်လည်း initialize ပြုလုပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင်လည်း မတိကျမသတ်မှတ်ရသေးသော တန်ဖိုးများ တည်ရှိသောကြောင့်ဖြစ်သည်။ pointer အား initialize ပြုလုပ်ရာတွင် 0 တန်ဖိုးနင့် assign(တူညီ) ပြုလုပ်ပေးရမည် (သို့) တိကျသော address တစ်ခု နှင့် assign ပြုလုပ်ပေးရမည်။
Pointer အား initialize မပြုလုပ်ပဲနှင့် အသုံးမပြုသင့်ပေ။အဘယ်ကြောင့်ဆိုသော် debug ပြုလုပ်ရာတွင် ခက်ခဲစေတက်ပြီး တစ်ခါတစ်ရံ error ဖြစ်ပေါ်စေတက်သည်။

Dereferencing Pointer(Разыменование указателей)
Data များဆီသို့ access ပြုလုပ်ရန်အတွက် pointer အားအသုံးပြုရာတွင် ထို pointer များသည် derefercing pointer (သို့) indirect addressing operation ဆီသို့ တိုက်ရိုက်ချိတ်ဆက်အလုပ်လုပ်ရသည်။

Example
int i;        //variable i is integer;
int *iPtr; //pointer iPtr သည် integer value။ ယခုရေးသားရာတွင် ၎င်းသည် မည်သည့် variable
             //နှင့်မျှ initialize ပြုလုပ်မထားပေ။

iPtr variable အား i variable ၏တန်ဖိုးနှင့် assign ပြုလုပ်နိုင်သည်။
iPtr = &i;     //& - operan i ၏ address အား return ပြန်ရန်တွက် unary operaotr ဖြစ်သည်။
                  //ယခုအချိန်တွင် iPtr သည် i –variable အား adderessing ပြုလုပ်နေပြီဖြစ်သည်။
variable- i နှင့် pointer iPtr အား assign ပြုလုပ်ပြီးသည့်နောက်တွင် ၎င်းတို့၏ကြားတွင် variable တန်ဖိုးများ ဆက်စပ်ပြောင်းလဲရာတွင် variable ၏ name အားဖြင့်တိုက်ရိုက် ပြောင်းလဲနိုင်သည် ထို့အတူ pointer အားဖြင့်လည်း တစ်ဆင့်ခံပြောင်းလဲနိုင်သည်။

Example.
# include <iostream>
using namespace std;
int main ()
{ int x = 1;
int * xPtr;
xPtr = & X;
x * = 2;               / / x ၏တန်ဖိုးအား နှစ်ဆဖြစ်အောင်ပြုလုပ်ခြင်း
* XPtr * = 2;       / / x ၏တန်ဖိုးအား နှစ်ဆဖြစ်အောင် pointer အသုံးပြု၍ ပြုလုပ်ခြင်း
* X Ptr = * X Prt +10;     / /* x Ptr ၏တန်ဖိုးများအား ဆက်လက်၍ 10 ပေါင်းထည့်ခြင်း
                                    / / အောက်ဖော်ပြပါ နည်းလည်းနှစ်လမ်းအတိုင်း output ထုတ်ပြနိုင်သည်။
cout <<*xPtr<<endl;    / / Through a pointer (pointer မှတစ်ဆင့်)
cout <<x<<end;          / / Directly(တိုက်ရိုက်)
return 0;
}

Initialization နှင့် pointer type- variable ၏ dereferencing အားနားလည်စေ၇န်အောက်ဖော်ပြပါ ပရိုဂမ်အား လေ့လာနိုင်သည်။

Example.
#include <iostream>
using namespace std;
int main ()
{ char c;
char * cPtr; / / ad a pointer to a character first e mennuyu
cPtr = &c; / / initialize the pointer
for (c = 'A'; c <= 'Z'; c++)
cout << *cPtr; / / on the screen will display a liter favit
cout<<endl;
return 0;
}
Pointer သည် သတ်မှတ်ထားသော data-type ၏ object ပေါ်တွင်သာ refer ပြုလုပ်ခြင်းသာခွင့်ပြုသည်။ထိုသို့ဖြစ်ရခြင်းသည် အမျိုးမျိုးသော data-type များသည် ကွန်ပျူတာ၏ memory ပေါ်တွင် memory ပမာဏ မတူညီသောကြောင့်ဖြစ်သည်။ခြွင်းချက်အနေဖြင့် viod type –pointer သည်အသုံးပြုနိုင်သည်။
Pointer သည် သတ်မှတ်ထားသော data-type အားကန့်ထားသောကြောင့် complier သည် data-type များအား ကိုက်ညီမှု့ရှိမရှိ စစ်ဆေးလိမ့်မည်ဖြစ်သည်။
float *fPtr;
char c;
fPtr=&c; //compiler error
( အဘယ်ကြောင့်ဆိုသော် float type နှင့် char type တို့သည် memory ပမာဏခြင်းမတူညီပေ)။

Null pointer and void-type pointer(Нулевые указатели и указатели на тип void)
C++ တွင် null-pionter များရှိကြသည်။null-pointer ဆိုသည်မှာ pointer ပင်ဖြစ်ပြီး ၎င်းအားစတင်အသုံးပြုချိန် တွင် memory ပေါ်တွင် မည်သည့်တန်ဖိုးမှ တည်ရှိလိမ့်မည်မဟုတ်ပေ။null-pointer ၏ တန်ဖိုးသည် null(zero) ပင်ဖြစ်သည်။၎င်းသည် မည့်သည့် တန်ဖိုးမှ access မပြုလုပ်ရသေးသော တစ်ခုတည်းသော address ဖြစ်သည်။ပုံမှန်အားဖြင့် header file များဖြစ်ကြသော stddef.h , stdio.h (သို့) stdlib.h နေရာတွင် #define NULL 0 ဟုကြေငြာအသုံးပြုနိုင်သည်။(၎င်းနည်းသည် complier အားအဆင်ပြေစေသည်)။
မကြာခဏအနေဖြင့် programming ပြုလုပ်နေချိန်တွင် species test ပြုလုပ်ရန်အတွက် အသုံးပြုလေ့ရှိသည်။
if(fPtr != NULL ) operator;
အကယ်၍ pointer သည် NULL နှင့်သွားညီနေပါက ၎င်းသည် မည်သည့်တန်ဖိုးကိုမှ address မပြုလုပ်ထားပေ ထို့ကြောင့် fPtr=NULL (သို့) fPtr = 0; ဟု initialize ပြုလုပ်ထားခြင်းသည် pointer အား initialize မပြုလုပ်ထားပဲ အသုံးပြုခြင်းမှ ဖြစ်ပေါ်လာစေတက်သော error များမှရှောင်ရှားစေနိုင်သည်။
အခြားသော global variable များသကဲ့သို့ global pointer များသည် initialize ပြုလုပ်ရာတွင် 0 နှင့်ညီပေးရသည်။
float *fPtr=NULL;

C++ language တွင် void type – pointer ကိုလည်းတွေ့မြင်နိုင်မည်ဖြစ်သည်။၎င်းသည် မတိကျသေးသော data-type ဆီသို့ indicate(ညွန်ပြ) ပြုလုပ်ထားသော pointer ဖြစ်သည်:
Void *SomePlace;
ထိုကဲ့သို့သော pointer များသည် data-type များအား ကန့်သတ်ထားခြင်းမရှိပေ ထို့အတူ memory တွင် နှစ်သက်ရာနေရာဆီသို့ address ပြုလုပ်နိုင်သည်။void –pointer သည် generic pointer ဖြစ်ပြီး data များအား address ပြုလုပ်ရန်အတွက် အသုံးပြု၍ ၎င်းတွင် ၎င်းတို့တွင် ကြိုတင်သတ်မှတ်ထားသော type မရှိပေ။

အခြေခံအားဖြင့် void–pointer အား အချို့သော အဓိက ကိစ္စရပ်များအတွက် အသုံးပြုလေ့ရှိသည်။ဥပမာ:
Addressing buffers
Filling in memory blocks
Reading martial registers
Transfer of pointer to function
အကယ်၍ pointer နှစ်ခုသည် တူညီသော data-type များရှိပါက တစ်ခုနှင့်တစ်ခု assign ပြုလုပ်နိုင်သည်။ခြွင်းချက်အနေဖြင့် void-pointer သည် မည်သည့် data-type ကိုမဆို assign ပြုလုပ်နိုင်သည်။သို့သော် ပထမအနေဖြင့် viod-pointer အား assign ပြုလုပ်မည့် data-type နှင့် ဦးစွာတူညီပေးရမည်ဖြစ်သည်။

Example.
char buffer[1024]; //1024 –byte buffer
void *bPtr;
bPtr=buffer; //bPtr pointer သည် buffer [array] ၏ address နှင့် assign ပြုလုပ်ခြင်းဖြစ်သည်။
အကယ်၍ ထိုကဲ့သို့ပင် character type variable ဖြစ်သော char c
နှင့် define ပြုလုပ်လိုပါက အောက်ပါအတိုင်း ရေးသားနိုင်သည်။
c=*(char *)bPtr;
(char *)bPtr ဟုရေးသားခြင်းသည် complier အား character-type ဖြစ်သော bPtr အတွက် temporary တစ်ခုရှာဖွေခိုင်းခြင်းပင်ဖြစ်သည်။*(char *)bPtr သည် character-type တန်ဖိုးနှင့် bPtr – pointer တို့၏ address တို့အား တန်ဖိုးယူလိုက်ခြင်းပင်ဖြစ်သည်။
int data-type အတွက်ဆိုလျှင်
i=*(int *)bPtr;
bPtr – pointer သည် ပေးထားသော(i) တန်ဖိုးနှင့် address ပြုလုပ်လိမ့်မည်ဖြစ်သည်။

Example.
#include<iostream>
using namespace std;
void main()
{ int i;
float f;
int *iPtr;
float *fPtr;
void *vPtr;
iPtr = &i;
fPtr= &f;
vPtr= &i;
vPtr= &f;
fPtr= &i; //error;
iPtr= &f; //error
}

References(Ссылки)
Variable တစ်ခုအား reference ပြုလုပ်သည်ဆိုသည်မှာ pointer များအား dereference ပြုလုပ်ပြီး အသုံးပြုနေခြင်းပင် ဖြစ်သည်ဟု မှတ်ယူနိုင်သည်။reference အတွက်ဆိုလျှင် memory ပေါ်တွင် နောက်ထပ် memory space ထပ်မံအသုံးပြုရန်မလိုအပ်ပေ။၎င်းသည် တစ်နည်းအားဖြင့် variable name တစ်ခုဖြစ်သည် ဟု၍လည်းပြောဆိုနိုင်သည်။ထိုသို့ reference အားအသုံးပြုရန်အတွက် unary-operator တစ်ခုဖြစ်သော & အားအသုံးပြုရမည်ဖြစ်သည်။
Data_type  &identifier_1=identifier_2;

Example.
#include<iostream>
using namespace std;
void main()
{ int a=5,b=10;
  int &aRef=a;     //aRef သည် a ၏ reference ဖြစ်သည်။
 aRef=b;            //a = b
aRef++;
cout<<a<<endl;
}
Reference သည် object အား copy အဖြစ်ဖန်တီးခြင်းမဟုတ်ပေ။object ၏အခြားနာမည်တစ်ခုပင်ဖြစ်သည်။ များသောအားဖြင့် reference အား function များတွင် parameter များအား passing ပြုလုပ်ရန်အသုံးပြုလေ့ရှိသည်။



                                                                                          translated by zmk@miet51

No comments:

Post a Comment