LAMP installation ( Local_host )



Web developer သမားတွေနဲ့ script တွေကိုလေ့လာနေတဲ့သူတွေအတွက် အဓိကပါ။ကျွန်တော်တို့ online ပေါ်မတင်ခင် မိမိစက်ထဲမှာ local အနေနဲ့ test ပြုလုပ်ဖို့ အတွက် webserver တစ်ခုခု install လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါ။localhost အတွင် software တွေအများအပြားရှိပါတယ်။ တယ်။အဓိက အသုံးများတာ ကတော့် XAMPP နဲ့ WAMP ပါ။(window 98 နဲ့ ME တွေမှာအလုပ်မလုပ်ပါဘူး)။တစ်ခြားထဲကဆိုရင် Zend Server CE ကလည်း ကောင်းတယ်လို့ပြောကြပါတယ်။(ကျွန်တော့်ကတော့် WAMP ပဲသုံးဖူးပါတယ်)။အခု Linux မှာတော့် open source web development တစ်ခုဖြစ်တဲ့  LAMP(linux,Apache,MySQL,PHP) ကို ubuntu မှာ install ပြုလုပ်မှာ ဖြစ်ပါတယ်။

အဆင့်(၁)

ပထမဦးဆုံး ဘာမှ error မရှိအောင် update လုပ်လိုက်တာပိုကောင်းပါတယ်။
sudo apt-get update
LAMP install လုပ်နည်း အနည်းငယ်ရှိပါတယ်။အဲထဲကမှ အလွယ်ဆုံးနည်းနဲ့ ပြုလုပ်ပြသွားမှာ ဖြစ်ပါတယ်။ command line တစ်ခုတည်းနဲ့ install ပြုလုပ်သွားမှာ ဖြစ်ပါတယ်။(Debian default packages ပါ ubuntu မှာ လည်းအလုပ်လုပ်ပါတယ်)။treminal မှာ အောက်က command ကို ရိုထည့်လိုက်ပါ။
sudo apt-get install tasksel

step(2)

terminal မှာ ရိုက်ထည့်ပြီး install ပြုလုပ်ပြီးတဲ့ နောက်မှာ အောက်ဖော်ပြပါ command ကိုရိုက်ထည့်ပေးပါ။
sudo taskel
step(3)

package configuration box ပေါ်လာရင် up and down key နဲ့ lamp ဆီကိုရောက်အောင်သွားပြီး space bar နှိပ်ပြီးရွေးချယ်ပြီး enter နိပ်လိုက်ပါ။


step(4)

mysql “root” password ကို insert ပြုလုပ်ပေးပြီး ok ပြုလုပ်ပေးပါ။(pass ကိုမမေ့ပါနှင့်)။


ထိုသို့ပြုလုပ်ပြီးလျှင် ကျွန်တော်တို့ LAMP ကို install ပြုလုပ်ပြီးပါပြီ။အနည်းငယ် စစ်ဆေးကြည့် ချင်လျှင် localhost ခေါ်ကြည့်လိုက်ပါ။It work!!!!


ကျွန်တော်တို့ install ပြုလုပ်ပြီးလျှင် info.php file ပြုလုပ်ဖို့အတွက် sudo su အနေနဲ့ ၀င်ရောက်ပြီး အောက်က command line အား ရိုက်ထည့်ပေးပါ။
sudo gedit /var/www/info.php
gedit ဖြင့် ဖိုင်တစ်ဖိုင်ပွင့်လာပါက အောက်မှ စာသားအား copy ကူးထည့်ပေးပါ။

<?php
phpinfo();

?>

ထို့နောက်တွင် ထိုဖိုင်အား save ပြုလုပ်ပြီး ပိတ်လိုက်ပါ။ပြီးလျှင် apache2 အား restart ပြုလုပ်ပါ။

#sudo /etc/init.d/apache2 restart

ထို့နောက် browser ဖွင့်ပြီး  http://localhost/info.phpဟုရိုက်ထည့်ပြီး အောက်ပါအတိုင်း ပေါ်လာပါက install ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။




နောက်တစ်ဆင့်အနေနဲ့ Lamp server database အား manage ပြုလုပ်ဖို့အတွက် phpmyadmin ကို install ပြုလုပ်ရမှာဖြစ်ပါတယ်။အာက်က command ကိုအသုံးပြုပါ။

sudo apt-get install phpmyadmin

ထိုသို့ ပြုလုပ်ပြီးလျှင် configuration box ပေါ်လာမှာဖြစ်ပြီး  mysql password နဲ့ phpmayadmin password လည်းလိုအပ်မှာ ဖြစ်ပါတယ်။ ယခင်ပေးခဲ့တဲ့ password ကိုပြန်လည် ထည့်ပေးပါ။

apache2 webserver  ကိုရွေးချယ်ပေးပါ။


ထိုသို့ ပြုလုပ်ပြီးပါက browser မှနေပြီးတော့် http://localhost/phpmyadmin ခေါ်ယူ၍ အောက်ကပုံအတိုင်း ပေါ်လာပါက Install ပြုလုပ်ချင်းပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

No comments:

Post a Comment