Open_source,Kernel,Shell

Open source 

ကျွန်တော်တို့ linux ကိုလေ့လာလျှင် open source ဆိုသော စကားကိုအရင်ကြားရမည်ဖြစ်သည်။open source ၏အဓိပါယ်မှာ source code များအား ပြုပြင်မွန်းမံနိုင်ခြင်း လိုအပ်သလို ပြင်ဆင်နိုင်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် programmer တစ်ယောက်ြဖစ်ပြီး ကုဒ်များကို ဖတ်နိုင် ပြင်နိုင် ထပ်မံမွမ်းမံ နိုင်မည်ဆိုလျှင် ထို open source ဆိုသော စကားလုံးသည် ပိုမိုအဓိပါယ်ရှိပြီး ရိုးရှင်းမည် ဖြစ်သည်။

Kernel & shell

Kernel
Kernal ဆိုသည်မှာ operation system တစ်ခု၏ central လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။ထို့အတူ Linux system ၏အဓိက program တစ်ခုလည်းဖြစ်သည်။၎င်းသည် Linux os တစ်ခု၏ resource များအား ထိန်းချုပ်ပေးသည်(ဥပမာdata,memory,file တွေ management လုပ်သည့်အခါ)။Kernal ၏အဓိက လုပ်ဆောင်ချက်သည် computer hardware နဲ့ အမျိုးမျိုးသော programs/application/shell တွေ ကြားတွင် intermediate ( ကြားခံဆက်သွယ်ပေးခြင်း ) ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။




Shell
Shell ဆိုသည်မှာ keyboard မှ commands များအားယူဆောင်ပြီး operation system အား အလုပ်များ စေခိုင်းသော program တစ်ခုပင်ဖြစ်သည်။ယခင်အချိန်များတွင် unix system ကွန်ပျူတာများတွင်သာ အဓိကအသုံးများသည်ကို တွေ့ရှိရပါသည်။ ယနေ့ခေတ်အခါမှာ CLI(command line interface) ကဲ့သို့သော shell များအစား GUI(graphical user interfaces) များအား ပိုမိုအသုံးပြုလာကြသည်။ သို့သော် window တွင် CLI( cmd.exe ) သည် အဓိကမကျသော်လည်း linux တွင် CLI သည်အဓိက ကျသည်ဟု ပြောဆိုနိုင်သည်။Linux system တွင် အသုံးပြုသော shell program များစွာရှိသည့်အနက် အသုံးများသော shell program မှာ bash shell ( Bourne Again Shell) ဖြစ်သည်။ Shell သည် user နှင့် kernal ကြား interface တစ်ခုအဖြစ်အဓိကဆောင်ရွက်ပေးသည့် အရာဖြစ်သည်။



      
Linux Command
Linux command ဆိုသည်မှာ shell ကိုအသုံးပြုပြီး operation system အား command ပေးနိုင်သော syntax ( command line) များဖြစ်သည်။linux user တစ်ယောက်အနေဖြင့် အခြေခံ command line တွေကိုသိထားသင့်ပါသည်။သို့မှသာ linux ကို ပိုမိုအစွမ်းထက်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ယခင်က ထို command line များအား မဖြစ်မနေသိရှိရန်လိုအပ်သော်လည်း ယခုအခါတွင် graphical mode အကူအညီဖြင့် window os ကဲ့သို့ linux os တစ်ခုအား အလွယ်တကူအသုံးပြုနိုင်ပြီဖြစ်သည်။ သို့သော် ပိုမိုအစွမ်း ထက်သော shell script များထပ်မံဖန်တီးရာတွင် command line အခြေခံများအား မဖြစ်မနေသိရှိရမည် ဖြစ်သည်။
Basic command line များအတွက် အောက်ပါလင့်များတွင်လေ့လာနိုင်ပါသည်။(ကျွန်တော်နှစ်သက်သော ကြောင့်ညွှန်းခြင်းဖြစ်ပါသည်)။#unix အတွက် commandLine များဖြစ်ပါသည်။ သို့သော် အနည်းငယ်သာ ကွာခြားသောကြောင့် လေ့လာနိုင်ပါသည်။

Shell script
Shells များ၏ အဓိက လုပ်ဆောင်ချက်သည် user တစ်ယောက်စီမှ commands များအား(keyboard မှတဆင့်)လက်ခံရယူပြီး ၎င်း commands များအား execute ပြုလုပ်ရန်ဖြစ်သည်။သို့သော် ကျွန်တော်တို့သည် command များအား တစ်ခုပြီးတစ်ခု လုပ်ဆောင်စေလိုလျှင် ထို command များအား ရိုက်ထည့်မည့်အစား ထို command များအား text ဖိုင် ထဲတွင် store ပြုလုပ်ထားပြီး shell အား ထို text file အား execute ပြုလုပ်ရန်စေခိုင်းခြင်းလျှင်လည်း အတူတူပင်ဖြစ်မည်ဖြစ်သည်။ window တွင် bat ဖိုင်ရေးနည်းနှင့် ဆင်တူသည်.သို့သော် shell script သည်ပိုမို အစွမ်းထက်မည်ဖြစ်သည်။ 


No comments:

Post a Comment