Android SDK (Eclipse)


ကျွန်တော်တို့ Android Developer(or) user တစ်ယောက်ဖြစ်ဖြစ် andriod app တွေကိုအသုံးပြုဖို့လိုအပ်မှာ ဖြစ်ပါတယ်။user ယောက်အနေဖြင့်လည်း android application တွေကို ubuntu ပေါ်မှာ test ပြလုပ်နိုင်ပါတယ်။Android ကိုအသုံးပြုမယ်ဆိုလျှင် ပုံမှန်အတိုင်းပင် Java JDK  ကိုလိုအပ်မှာဖြစ်ပါတယ်။ ထို့နောက် Eclipse IDE နဲ့ SDK Tools တွေရှိရမှာဖြစ်ပါတယ်။


Install ပြုလုပ်နည်းအနည်းငယ်ကွဲပြားစွာရှိနိုင်ပါတယ်။ယခင်က JDK နဲ့ IDE တို့ကို တစ်ခုချင်းဆီ install ပြုလုပ်ရသော်လည်း ယခု ထိုနှစ်ခုကို တစ်ပေါင်းတည်းစုထားသော package ကိုအသုံးပြုခြင်းအားဖြင့် တစ်ပြိုင်တည်း install ပြုလုပ်နိုင်သည်ဖြစ်သည်။အောက်ဖော်ပြပါ command_line အားအသုံးပြုပါ။
sudo apt-get install eclipse-jdt
ထို့နောက် ကျွန်တော်တို့ JDK ကို install ပြုလုပ်ပြီးလျှင် SDK ကို အသုံးပြုဖို့အတွက် SDK Starter Package ကို ဒီနေရာမှ ဒေါင်းလော့ချပါ။ထို ရရှိလာသော package အား unzip ပြုလုပ်ထားပါ။

ထို့နောက် ADT tools တွေကို Install ပြုလုပ်ရန်အတွက် eclip ကိုဖွင့်ပါ။

Help->install->new software ကိုဖွင့်ပါ။


add မှ add repository ပေါ်လာပါက .. 
add-Name -> Andriod
Location    -> https://dl-ssl.google.com/android/eclipse/ ပြုလုပ်ပြီး ok နှိပ်လိုက်ပါ။




လိုအပ်သော tool များအား select ပြုလုပ်ပြီးနောက် တစ်ဆင့်ခြင်း install ပြုလုပ်ပြီးပါက reclipse သည် restart ပြုလုပ်သွားလိမ့်မည် ဖြစ်သည်။
ထိုသို့ restart ပြုလုပ်ပြီးလျှင် SDK starter package location ကိုရွေးချယ်ရမည်ဖြစ်ပြီး ကျွန်တော်တို့ download ပြုလုပ်ထားသော package location နေရာသို့ရွေးချယ်ပေးရမည်ဖြစ်သည်။( ကျွန်တော်ညွန်းထားသော package သည် version အနည်းငယ်နိမ့်နေလိမ့်မည်ဖြစ်သည် သို့သော် update ရွေးချယ်ပြီးလျှင် အဆင်ပြေသွားလိမ့်မည် ဖြစ်သည် )။




ထို့နောက် မိမိနှစ်သက်ရာ tool များအား select ရွေးချယ်၍ install ပြုလုပ်နိုင်သည်။ပုံမှန်အားဖြင့် အသုံးပြုသည့် package တွေကတော့်  Documentation, Code Samples, USB Driver, Google API, Google Analytics SDK, Google Admob Ads SDK တွေပဲဖြစ်ပါတယ်။ အသုံးပြုမှု့အပေါ် မူတည်ပြီး မိမိစိတ်ကြိုက် install ပြုလုပ်နိုင်ပါတယ်.


(connection ပေါ်မူတည်ပြီး package တွေ install ပြုလုပ်တာ ကြာမြင့်ချိန်ကွဲလွဲပါလိမ့်မယ် ဒါကြောင့်မလိုအပ်တဲ့ package တွေပဲ select ပြုလုပ်သင့်ပါဘူး) 



No comments:

Post a Comment