Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Linux file system


Linux ဖိုင် system သည် hierchical စနစ်အား အခြေပြု၍ ရှင်းလင်းလွယ်ကူစွာ တည်ဆောက် ထားသည်ကို တွေ့မြင်နိုင်သည်။ Distro တစ်ခုနှင့် တစ်ခု တိကျစွာ မတူညီနိုင်သော်လည်း အခြေခံ အကျဉ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။



Ubuntu Distro


(Ubuntu(oo-BOON-too) ဆိုတဲ့အဓိပါယ်ကတော့် ရှေး Zulu (http://en.wikipedia.org/wiki/Zulu_people) နဲ့ Xhose() တို့ရဲ့ စကားဖြစ်ပြီး “လူသားချင်းစာနာမှု့” လို့အဓိပါယ်ဖွင့်လို့ရပါတယ်။)

Ubuntu ဆိုတာကလည်း များစွာသော Linux_distro တွေထဲက linux_os တစ်ခုဖြစ်ပါတယ်။Linux system ကိုအခြေခံထားတဲ့ အမျိုးမျိုးသော brand တွေကို Linux Distributions လို့ခေါ်ဆိုလေ့ရှိပြီး အတိုကောက်အားဖြင့် Linux_distro လို့ခေါ်ဆိုလေ့ရှိကြပါတယ်။ Ubuntu သည် လက်ရှိ popular အဖြစ်ဆုံး Linux_os တစ်ခုဖြစ်ပြီး Debian အား base ထပ်မံပြုလုပ်ထားသော os တစ်ခုလည်းပင်ဖြစ်သည်။ Debian ဆိုတာကတော့် Debra နှင့် Ian တို့စတင် ပြုလုပ်ခဲ့တဲ့ Linux distro တစ်ခုဖြစ်ပြီး os နယ်ပယ်မှာ တော်တော်လေးအသိအမှတ်ပြု ကောင်းမွန်ခဲ့တဲ့ os တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရင်က ၎င်း os ဟာ update ပြုလုပ်ပေးနိုင်မှု့ user friendly installation နဲ့ maintenance မှာ အနည်းငယ် လိုအပ်ချက်ရှိခဲ့ပါတယ်။(#ယခင်အချိန်က)

Ubuntu စတင်ခဲ့တာကတော့် တောင်အာဖရိက အင်တာနက် လုပ်ငန်း ထိပ်သီးပုဂိုလ် တစ်ယောက်က user တွေနဲ့ friendly ဖြစ်မယ့် Linux_distro တစ်ခုကို ထပ်မံပြုလုပ်မယ်ဆုံးဖြတ်ခဲ့ပြီး Debian ကိုထပ်မံအခြေခံ၍ ubuntu ဆိုတဲ့နာမည်နဲ့ distro တစ်ခုပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက UK အခြေစိုက် Canonical Ltd တစ်ခုကို ဖွဲ့စည်းခဲ့ပြီး Ubuntu_Linux ကို support ပြုလုပ်စေခဲ့ပါတယ်။

Open_source,Kernel,Shell

Open source 

ကျွန်တော်တို့ linux ကိုလေ့လာလျှင် open source ဆိုသော စကားကိုအရင်ကြားရမည်ဖြစ်သည်။open source ၏အဓိပါယ်မှာ source code များအား ပြုပြင်မွန်းမံနိုင်ခြင်း လိုအပ်သလို ပြင်ဆင်နိုင်ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် programmer တစ်ယောက်ြဖစ်ပြီး ကုဒ်များကို ဖတ်နိုင် ပြင်နိုင် ထပ်မံမွမ်းမံ နိုင်မည်ဆိုလျှင် ထို open source ဆိုသော စကားလုံးသည် ပိုမိုအဓိပါယ်ရှိပြီး ရိုးရှင်းမည် ဖြစ်သည်။

Kernel & shell

Kernel
Kernal ဆိုသည်မှာ operation system တစ်ခု၏ central လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။ထို့အတူ Linux system ၏အဓိက program တစ်ခုလည်းဖြစ်သည်။၎င်းသည် Linux os တစ်ခု၏ resource များအား ထိန်းချုပ်ပေးသည်(ဥပမာdata,memory,file တွေ management လုပ်သည့်အခါ)။Kernal ၏အဓိက လုပ်ဆောင်ချက်သည် computer hardware နဲ့ အမျိုးမျိုးသော programs/application/shell တွေ ကြားတွင် intermediate ( ကြားခံဆက်သွယ်ပေးခြင်း ) ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။


What is Linux?


Linux သည် window os နှင့် Mac os ကဲ့သို့သော operation system တစ်ခုဖြစ်ပါသည်. သို့သော် Linux  သည် entirely free  ဖြစ်သည်။ 

Free ဟုဆိုရာတွင် ပထမတစ်ခုသည် free of cost ဖြစ်သည်.(အခြား os များကဲ့သို့ ငွေကြေးပေး၍ ၀ယ်ယူရန် မလိုပေ)
ဒုတိယ တစ်ခုသည် freedom ဖြစ်သည်။ ကျွန်တော်တို့ linux ကိုအသုံးပြုမည်ဆိုလျှင် ၎င်း၏ sourcr code များလည်း၇ရှိနိုင်မည်ဖြစ်သည်။ထိုကြောင့် ၎င်း linux os ကိုထပ်မံ modifiy ပြုလုပ်နိုင်မည်ဖြစ်သည်။ထို့အတူ များစွာသော free software များရှိပါသည်။၎င်းထို့ထဲမှ အများစုသည် GNU General Public License(GPL) အောက်တွင်ထားရှိပါသည်။ GNU General Public License ဆိုသည်မှာ အရိုးရှင်းဆုံးပြောရရင် copyleft ပင်ဖြစ်သည်။Linux system ကို GNU tool များပေါ်တွင် အခြေခံထားသည်ဟု ပြောဆိုနိုင်ပါသည်။

နောက်တစ်ချက်သည် ကျွန်တော်တို့ linux အကြောင်းပြောရမည်ဆိုလျှင် UNIX အကြောင်းမေ့ထား၍ ရလိမ့်မည် မဟုတ်ပေ။