FUNCTION IN C++(Функции в языке С++)

 Function in C++(Функции в языке С++)
Function ဆိုသည်မှာ logical သဘောတရားအရသာတည်ရှိပြီး ပရိုဂမ်၏ အခြားအစိတ်အပိုင်းများမှ ခေါ်ယူအသုံးပြုနိုင်အောင် ဒီဇိုင်းရေးဆွဲထားသော ပရိုဂမ်အပိုင်းအစ ပုံစံဖြစ်သည်။function သည် ကြီးမားသော တွက်ချက်မှု့ဆိုင်ရာ ပုစ္ဆာများအား များစွာသော အစိတ်အပိုင်းငယ်လေးများအဖြစ်သို့ ထပ်မံခွဲထုတ်နိုင်သည်။ ထို့အတူ အဆင်သင့်ရေးသားထာသော subprogram များကိုလည်း အသုံးနိုင်စေရန် အတွက် ခွင့်ပြုပေးသည်။
အကယ်၍ function အားမှန်ကန်စွာနှင့် နည်းစနစ်ကျစွာ ရေးသားပြီးလျှင် တစ်ခြား ပရိုဂမ်အစိတ်အပိုင်းသည် ၎င်းအားမလိုအပ်ပါက လည်း ၎င်း၏ body အတွင်းတွင်ပင် ဖျောက်ဖျက်ထားနိုင်သည်။ထိုသို့ ပြုလုပ်နိုင်ခြင်းသည် ယေဘူယျအားဖြင့် ပရိုဂမ်အားရှင်းရှင်းလင်းလင်း ဖြစ်စေသည်။ထို့အတူ ၎င်းအား debug ပြုလုပ်ရာနှင့် change ပြုလုပ်ရာတွင်လည်း ပိုမိုလွယ်ကူချောမွေ့စေသည်။function များသည် ပရိုဂမ်များအားလုံးအတွက် global များဖြစ်ကြသည်။

Declaration and definition of function(Объявление и определение функций) 
Function များအားအသုံးပြုတက်စေရန်အတွက် declaration နှင့် definition အားဦးစွာ နားလည်ရန် လိုအပ်ပေသည်။
function တစ်ခုအား declare ပြုလုပ်ရန်အတွက် prototype နှင့် ၎င်း၏ parameter များတွင် ပါဝင်သော data များအား မည်ကဲ့သို့ရေးသားရမည်ကို သိရှိလေ့လာရမည်ဖြစ်သည်။

type function_name ( data.par1,data.par2,…..)
ထိုသို့ေ၇းသားရာတွင် data.part ဟူသော parameter နေရာတွင် အောက်ဖော်ပြပါ format များအနက်မှ တစ်ခုဖြစ်ရမည်။
data_type (သို့) data_type parameter_name,
ဆိုလိုသည်မှာ function ၏ parameter များအား မိမိနှစ်သက်ရာ နာမည်ပေးပြီး ကြေငြာနိုင်သလို အမည်နာမ မပေးခြင်းဖြင့်လည်းကြေငြာနိုင်သည်။
void My_Func (int Par1, float Par2, double Par3);
void My_Func (int, float, double);
အထက်ဖော်ပြပါ ရေးသားသည့်နည်းစနစ်နှစ်ခုစလုံးသည် သဘောတရားအရအတူတူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် complier သည် parameter ၏ အမည်များအား လစ်လှူရှု့၍ ၎င်းတို့၏ data type များသာ အဓိကထား၍ အလုပ်လုပ်သောကြောင့်ဖြစ်သည်။ထိုသို့ဖြစ်ရခြင်းသည် function အား prototype များနှင့်ရေးသားခြင်းသည် function များ access ပြုလုပ်ရာတွင် သင့်တော်သော ပမာဏနှင့် parameter type များနှင့် မှန်ကန်စွာ ပြုလုပ်စေရန်အတွက် complier မှ execute ပြုလုပ်ပေးနိုင်သောကြောင့်ဖြစ်သည်။ထို့အတူ လိုအပ်သော ပြုပြင်ပြောင်းလဲခြင်းများထပ်မံ ဖြည့်စွပ်ခြင်းများလည်းပြုလုပ်နိုင်သည်။function prototype များသည် အမြဲတမ်း semicolon ဖြင့် အဆုံးသတ်လေ့ရှိသည်။
function ၏ သင်္ကေတလက္ခဏာများဖြစ်သော ကိန်းဂဏာန်းများနှင့် argument types များပါဝင်သော prtototype များဖြင့် ဖွဲ့စည်းထားလျှင် function ဖြစ်သည်ဟုပြောဆိုနိုင်သည်။

အကယ်၍ function အား declaration ပြုလုပ်ပြီးလျှင် program ၏ မည်သည့်နေရာတွင်မဆို definition ပြုလုပ်နိုင်သည်။သို့သော် main() function အပါအ၀င် မည်သည့် function အတွင်းတွင်မဆို definition ပြုလုပ်၍ မရပေ။ 

function အား definition သတ်မှတ်ရာတွင် ပထမဦးစွာ headline တွင်ကြေငြာခဲ့သည့် protocol များနှင့် title အား ပြန်လည်ရေးသားရမည်ဖြစ်ပြီး ထိုသို့ပြန်လည်ရေးသားရာတွင် semicolom ပြန်လည်ပါဝင်ရန်မလိုအပ်ပေ။ ထို့နောက်တွင်မှသာ bracket ထဲတွင် function ၏ body အားရေးသားရမည်ဖြစ်သည်။
function ၏ format သည်အောက်ပါအတိုင်းဖြစ်သည်။
data_type function_name(data_type parameter_name,……….,data_type parameter_name)

{
          //function body
}

Example.
# include <iostream>
using namespace std;
# include <iomanip.h>
void CntUp (void); / / declaration
void CntDown (void); / / function prototypes.
 int main ()
{CntUp (); / / using functions
 CntDown (); / / in the program (ie, their challenge)
 return 0;
}
void CntUp (void) / / definition of function_CntUp
{        int i;
         cout << "count from 1 to 10" << endl;
         for (i = 1; i<= 10; i++) cout << setw (4) << i;
         cout << endl;
}
void CntDown (void) / / definition of function_CntDo wn
{        int i;
         cout << "count from 10 to 1" << endl;
         for (i = 10; i> = 1; i -) cout << setw (4) << i;
        cout << endl;
}

The concept of function parameters (Понятие о параметрах функций)

formal and actual parameters(формальный и  фактический параметр )
Declaration နှင့် definitation ပြုလုပ်ထားသော function များ၏ prototype များအား formal parameter (формальный параметр) ဟုခေါ်ဆိုပြီး function အား call ပြုလုပ်ရန်အတွက် formal နေရာတွင် အစားထိုး ထည့်သွင်းသော parameter များအား actual parameter ( фактический параметр) ဟုခေါ်ဆိုသည်။ အကယ်၍ function အားအလုပ်လုပ်ရာတွင် parameter အားတစ်ခုထက်ပိုမို၍ အသုံးပြုရန် လိုအပ်ပါက bracket ထဲတွင် parameter list ထားရှိရမည်ဖြစ်ပြီး တစ်ခုနှင့်တစ်ခုအား comma ဖြင့်ပိုင်းခြားရမည် ဖြစ်သည်။
Example 11.2. Passing parameters to a function and getting a return value.
# include <iostream>
using namespace std;
# include <iomanip.h>

int max (int a, int b);   / / Function prototype of the search for a maximum of two parameters
 void main ()
{        int m, k, l;
cout << "m =";
cin >> m;
cout << "k =";
cin >> k;
l = max (m, k);
cout << "max =" << l << endl;
}
int max (int a, int b)
{        if (a> b) return a;
else return b;
}
သည်တွင် a နှင့် b သည် formal parameter  (формальный параметр များဖြစ်ပြီး m နှင့် k သည် actual parameter ( фактический параметр) များဖြစ်ကြသည်။

Local and global parameters(Локальные и глобальные переменные  ) 
Main function အပါအ၀င် မည်သည့် function အတွင်းတွင်မဆို ကြေငြာထားသော variable များအား local variable ဟုခေါ်ဆိုပြီး function သည် active ဖြစ်နေသည့်အချိန်တွင်သာ ကွန်ပျူတာ memory ပေါ်တွင်နေရာယူမည်ဖြစ်သည်။main function အပါအ၀င် မည်သည့် function များ၏ ပြင်ပတွင် ကြေငြာထားသော variable များအား global parameter များဟုခေါ်ဆိုသည်။local variable များအား တစ်နည်းအားဖြင့် automatic variable များဟုခေါ်ဆိုသည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့အား အလိုအလျောက် program မှ ဖန်တီးပြီး ဖျက်စီးလိုက်သောကြောင့်ဖြစ်သည်။Stack ဆိုသည်မှာ data element များအား ပေါင်းထည့်ခြင်း ဖျက်စီးချင်း များပြုလုပ်နိုင်ရန် ဖွဲ့စည်းတည်ဆောက်ထားသော memory area တစ်ခုဖြစ်သည်သို့သော် နောက်ဆုံးဖြည့်စွက်လိုက်သော element သာလျှင် access ပြုလုပ်နိုင်မည်ဖြစ်သည်။
  
Function ၏ local variable များအား ထို stack ပေါ်တွင် stored ပြုလုပ်ထားခြင်းဖြစ်သည်။function ၏ parameter များသည်လည်း stack ပေါ်တွင်သာ store ပြုလုပ်ထားသည်ဖြစ်သည်။ထို့ကြောင့် ၎င်းတို့အား local variable ဟုသတ်မှတ်နိုင်သည်။
Function များအား call ခေါ်ပြီး ၎င်းတို့အား return ပြန်သောအခါ stack သည် dynamically အရသာ လုပ်ဆောင်မည်ဖြစ်သည်။
Function အားစတင်အလုပ်လုပ်သောအခါ ၎င်း၏ local variable များအား memory ၏ stack နေရာတွင် store ပြုလုပ်မည်ဖြစ်သည်။ထို stack-memory သည် function active ဖြစ်နေသောအချိန်တွင်သာ တည်ရှိနေမည် ဖြစ်သည်။ function မှ return ပြန်ပြီးသောအခါ stack memory သည် တည်ရှိတော့်မည်မဟုတ်ပဲ ၎င်းပေါ်တွင် store လုပ်ထားသော variable အားလုံးတို့သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။

Strings,arrays and structure as parameter of function(Строки, массивы и структуры в качестве параметров функций)
String,arrays နှင့် structure တို့အား function ၏ parameter အနေဖြင့် passing ပြုလုပ်၍ အသုံးပြုနိုင်သည်။
ကျွနုပ်တို့သည် string အား function ၏ parameter အဖြစ် passing ပြုလုပ်နိုင်ပြီး function သည် string အား program ထဲတွင် return ပြန်ခြင်းပြုလုပ်နိုင်သည်။
void Print_String(char string[])
{     cout << string;
}
void main()
{ . . .
    char MyStr[] = “C++ - язык для профессионалов”;
   . . .
    Print_String (MyStr);
. . .
}
Function တွင် string အားကိုယ်တိုင် pass ပြုလုပ်ခြင်းမဟုတ်ပေ။ String ၏ အမည်နှင့်သက်ဆိုင်သော ပထမ element ၏ address ကိုသာ passing ပြုလုပ်ခြင်းဖြစ်သည်။တစ်နည်းအားဖြင့်ဆိုရသော် string ၏ symbol သည် function ၏ argument ဖြစ်ပြီး(အထက်ပါ ပုစ္ဆာထဲတွင် MyStr အတွက်သည် Print_String function ဖြစ်သည်) stack ပေါ်မှာနေ၍ passing ပြုလုပ်ခြင်းမဟုတ်ပေ။
const int MAXLEN = 128;
void A_Func(char s[],int len);         // declaration function prototype, processing length 0f //string (len)
. . .
char author[MAXLEN] = “Tom Swan“;
A_Func(author, MAXLEN);
……………………

A_Func သည် string နှင့် process ပြုလုပ်ရန် နှစ်သက်ရာ function ဖြစ်ပြီး string သည် character arrays element များအနေဖြင့်သာ သတ်မှတ်လိမ့်မည် ဖြစ်သည်။အကယ်၍ function တွင် character array တစ်ခုအား passing ပြုလုပ်တော့်မည်ဆိုလျှင် အောက်တွင်ကြေငြာထားသော အရာအားသတိပြုသင့်သည်။
const int MAXLEN=128;
character ပမာဏ (MAXLEN-1) သာ memory တွင်အသုံးပြုနိုင်မည်ဖြစ်ပြီး 0 bit ဖြင့်အဆုံးသတ်မည်ဖြစ်သည်။
C++ language တွင် နှစ်သက်ရာ array ဖြင့် function အား passing ပြုလုပ်နိုင်သည်။

Example. Suppose you want to find the sum of element.We decare:
Const int M=100;
Int data[M];
………..

ယခု array argument ပါဝင်သော function တစ်ခု ကြေငြာမည်ဖြစ်သည်။
int Summa(int mas[M]);
သို့သော် အောက်ပါအတိုင်းကြေငြာလျှင် process ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သည်။
int Summa(int ma[],int n);
……...
ထို့နောက်တွင် function အား call ပြုလုပ်ရန်
cout<<”Summa=”<<Summa(data,M)<<endl;
function သည် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း မိမိ၏ ပေါင်းလဒ်အား ရှာဖွေနိုင်သည်။
int Summa(int mas[],int n)
{        int sum=0;
          for(int 1=0;i<n;i++)
                   sum+=mas[i];
                   return sum;
}

အခြားနည်းလမ်းဖြင့်လည်း function ၏ ပေါင်းလဒ်အားရှာဖွေနိုင်သည်။
int Summa(int mas[],int n)
{        int sum=0;
          While(n>0)
          sum+=mas[--n];
          return sum;
}

numerical နှင့် character array များထက်ပိုမို၍ function တွင် multidimensional array များလည်း passing ပြုလုပ်နိုင်သည်။အကယ်၍ function တွင် multidimensional array အား passing ပြုလုပ်မည်ဆိုလျှင် complier သည် memory ၏ address အား pass ပြုလုပ်ရန်အတွက် minimum information အား set ပြုလုပ်ရမည် ဖြစ်သည်။
function အား အောက်ပါအတိုင်းကြေငြာနိုင်သည်။
void SomeFunc(int arr[rows][cols]);
(သို့)
void SomeFunc(int arr[][cols]);
ဒုတိယ နည်းသည် ပိုမိုကောင်းမွန်သည်။
သို့သော် အောက်ဖော်ပြပါနည်းအတိုင်းကြေငြာလျှင် complie ပြုလုပ်လိမ့်မည်မဟုတ်ပေ။
void SomeFunc(int arr[rows][]);
void SomeFunc(int arr[][]);

Example.The integer 4*5 materix to calculate the sum of elements smaller than input number from the keyboard.(4*5 matrix တစ်ခုတွင် ကီးဘုတ်မှရိုက်ထည့်လိုက်သော ကိန်းထက်ငယ်သော ကိန်းများ၏ ပေါင်းလဒ်ကိုရှာဖွေရန်)
#include <iostream>
using namespace std;
#include <iomanip.h>
#include <conio.h>
#include <stdlib.h>
const int row = 4;
const int col = 5;
//declare prototype functions
void form (int arr[][col], int r, int c);
void print_arr (int arr[][col], int r, int c);
int sum_less (int arr[][col], int r, int c, int dig);

int main()
{ int matr[row][col];
   int a, summa;
   clrscr();
   randomize();
   form (matr, row, col);
   print_arr (matr, row, col);
   cout << "Введите число ";
   cin >> a;
   summa = sum_less (matr,row,col,a);
   cout << "Summa = " <<  summa;
   return 0;
}
void form (int arr[][col], int r, int c)                    // forming matrix
{for (int i = 0; i < r; i++)
      for (int j = 0; j < c; j++)
          arr[i][j] = random(100) - 50;
}
void print_arr (int arr[][col], int r, int c)                        // output matrix on screen
       {for (int i = 0; i < r; i++)
           {for (int j = 0; j <c; j++)
               cout << setw(4) << arr[i][j];
              cout << endl;
    }
}
int sum_less (int arr[][col], int r, int c, int dig)                // computing sum
{ int  s_l = 0;
  for (int i = 0; i < r; i++)
     for (int j = 0; j <c; j++)
        if (arr[i][j] < dig) s_l += arr[i][j];
  return s_l;  
}

Structure များအား function ၏ parameter အဖြစ် passing ပြုလုပ်နိုင်ပြီး ရလဒ်အား return ပြန်ခြင်း ပြုလုပ်နိုင်သည်။
Example.Declare the structure,which determines the circle by specifying the coordinates of center and radius.
typedef struсt circle { int coord_x;
                               int coord_y;
                               int radius;
                             } Circle;
Initialize ပြုလုပ်ထားသော Circle structure အား return ပြန်ထားသော အောက်ဖော်ပြပါ function အတိုင်း ရေးသားနိုင်သည်။
Circle C;
C=Def_Circle(25,43,15);
ထိုအချိန်တွင် Def_Circle() သည်အောက်ပါအတိုင်း ဖြစ်သွားလိမ့်မည်ဖြစ်သည်။
Circle Def_Circle(int x, int y, int r)
{
         Circle rtemp;
         rtemp.coord_x=x;
         rtemp.coord_y=y;
         rtemp.radius=r;
         return rtemp;
 }

rtemp variable သည် function ၏ local ဖြစ်ပြီး scope ၏ အပြင်တွင် မတည်ရှိသော်လည်း function သည် rtemp ၏ value အား result အဖြစ် return ပြန်နိုင်သည်။return operator သည် rtemp variable အား stack memory ပေါ်တွင် ယာယီ store ပြုလုပ်လိုက်သော အခါ ထိုနေရာတွင်ရှိသော variable သည် function ၏ result နှင့် ထပ်တူညီသွားမည်ဖြစ်သည်။

Recursion(Рекурсия)
Recurtion ၏ အဓိပါယ်မှာ return ပင်ဖြစ်သည်။recursive ဆိုသည်မှာ မိမိကိုယ်တိုင်အား return ပြန်သော function ပင်ဖြစ်သည်။
Example.Recursive computation of factor .
n!=n*(n-1)*(n-2)*……..*2*1, and 0!=1, 1!=1 – to definite factor.
မည်သည့် recursive function မဆို recursion အားအသုံးမပြုဘဲနှင့်လည်း တွက်ချက်နိုင်သည်။
Fact=1;
for(cnt=n;cnt>=1;cnt--)
fact=fact*cnt;          //or fact*=cnt;
recursive ဖြေရှင်းသည်ဆိုရာတွင် ဖန်ရှင်မှ ထိုဖန်ရှင်မှနေ၍ တွက်ထုတ်လိုက်သော factorial များအား ထပ်ခါထပ်ခါ call ခေါ်ခြင်းပင်ဖြစ်သည်။
5!=5*4!
4!=4*3!
3!=3*2!
2!=2*1!
1!=1
1! သည်တွက်ချက်ခြင်းဖြင့်ရရှိလာသော basic task ဖြစ်သည်။ထို့အတူဆက်လက်၍အောက်ပါအတိုင်း recursion sign များအားဆက်လက်လုပ်ဆောင်နိုင်သည်။
1, = 1 - return 1;
2, = 2 * 1, = 2 * 1 = 2 - return 2;
3, = 3 * 2, = 3 * 2 = 6 - return 6;
4, = 4 * 3, = 4 * 6 = 24 - return 24;
5, = 5 * 4, = 5 * 24 = 120 - return 120.
/ / A recursive function of factorial:
    . . .
unsigned long fact (unsigned long);
int main ()
{        cout << "5! =" << Fact (5);
return 0;
}
/ / Recursive description of the factorial function:
   unsigned long fact (unsigned long i_dat)
{        if (i_dat <= 1) return 1;
else return i_dat * fact (i_dat-1)
}

Example . Recursive computation of the power func tion to.




// A sign of terminating the recursion

. . .
long power (int number, int x);
int main ()
{        cout << "4 to 5 - th level = "<< power (5,4);
          return 0;}
/ / Recursive description of the power function:
    long power (int number, int x)
   {     if (number = 0) return 1;
else return x * power (number-1, x);
    }
အကယ်၍ recursion function အား local variable တစ်ခုခုဖြင့်ကြေငြာခဲ့ပါက ထို variable များအား recursion ၏ အဆင့်ဆင့်တိုင်းတွင် created ပြုလုပ်လိမ့်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် recursive solution များအား non-recursive ထက်ပိုမို debug ပြုလုပ်ရာတွင် လွယ်ကူစေသော အခါမျိုးတွင် အသုံးပြုလေ့ရှိသည်။

Inline function(Встраиваемые функции)
Function များအား call ခေါ်ရာတွင် ဖန်ရှင်ဆီသို့ return ပြန်မည့် တန်ဖိုးသည် stack ပေါ်မှနေ၍ parametrer များအား transfer ပြုလုပ်ရသည့် လုပ်ဆောင်ချက်သည် မဖြစ်မနေပြုလုပ်သွားသည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ပရိုဂမ်များ၏ မြန်ဆန်စွာ လုပ်ဆောင်ချက်များအား ကျဆင်းစေတက်သည်ဖြစ်သည်။
သို့သော် C++ တွင် ထိုသို့ transfer ပြုလုပ်စရာမလိုပဲ call ခေါ်သည့်နေရာသို့ တိုက်ရိုက်ရောက်ရှိရန် program ထဲတွင် built-in ဖန်ရှင်အား အသုံးပြုနိုင်ရန် တည်ဆောက်ပေးထားသည်။
Inline function အား အသုံးပြုခြင်းသည် call နှင့် return ပြန်သော ပြုလုပ်မှု့ဆိုင်ရာ အစိတ်အပိုင်းနှင့် ဆက်စပ်မှု့မရှိပေ။ထို့ကြောင့် ၎င်းတို့သည် ပုံမှန်အားဖြင့် မြန်ဆန်စွာအလုပ်လုပ်ဆောင်မည်ဖြစ်သည်။သို့သော် ၎င်းတို့သည် program များ၏ code များအား သိသာစွာ ပိုမိုများပြားလာစေသည်။

Example. Built-in function that determines the parity of the passed args from it argument.
# include <iostream>
using namespace std;
# include <conio.h>
inline int even (int x)
{        return! (x% 2);         }
int main ()
{        int dig;
         cout << "Enter number";
         cin >> dig;
         if (even (dig)) cout << dig << "- even" << endl;
             else cout << dig << "- an odd" << endl;
        return 0;
}

Inline function သည် complier အတွက် command တစ်ခုမဟုတ်ပေ request တစ်ခုသာဖြစ်သည်။ထို့ကြောင့် အကယ်၍ complier သည် function အားအကြောင်းတစ်ခုခုကြောင့် built  မပြုလုပ်နိုင်ပါက ပုံမှန်အားဖြင့်သာ complie ပြုလုပ်သွားမည်ဖြစ်ပြီး မည်သည့် report မှ screen ပေါ်တွင် ထုတ်ဖော်သွားမည်မဟုတ်ပေ။

အောက်ဖော်ပြပါ အချက်များသည် complier များသည် ဖန်ရှင်အား inline ပြုလုပ်နိုင်မည်မဟုတ်ပေ။
Function တွင် Loop ပါသောအခါ
Function တွင် switch (သို့) goto ပါဝင်သောအခါ
Function တွင် recursive ပါဝင်သောအခါ
အမှန်တွင် program ၏လုပ်ဆောင်ချက်များသည် call function ထက်ပိုမို၍  ဆိုးရွားစွာလုပ်ဆောင်နိုင်မည်ဟု ယူဆပါက complier သည် inline declaration အား skip ပြုလုပ်နိုင်သည်။

Function overloading(Перегрузка функций)
C++ program များတွင် တူညီသော အမည်တစ်ခုတည်းဖြင့် အမျိုးမျိုးသော function များရေးသားနိုင်သည်။သို့သော် တူညီသော အမည်များဖြင့်ရေးသားထားသော function များသည် ကိန်းအရေတွက်များနှင့် ၎င်းတို့၏ argument type များခြားနားရမည်ဖြစ်သည်။ထိုသို့သော function များအား overloaded function များဟုခေါ်ဆိုကြသည်။
Function အား overload ပြုလုပ်ရန်အတွက် ၎င်းအတွက်လိုအပ်သော အချက်အလက်များအား တည်ရှိစေ၇န် မဖြစ်မနေပြုလုပ်ရမည်ဖြစ်သည်။complier သည် argument အားဖြင့် သင့်တော်မှန်ကန်သော version အား အလိုအလျှောက် ရွေးချယ်ပြုလုပ်သွားမည်ဖြစ်သည်။overloading တွင် return type သည် အဓိကကျသော အစိတ်အပိုင်းတစ်ခုမဟုတ်ပေ။
Overloaded function များသည် program များအား နာမည်တူ၍ အဓိပါယ်ချင်းနီးစပ်သော လုပ်ဆောင်ချက်များအားလည်း operate ပြုလုပ်ရန်ခွင့်ပြုပေးသည်။(သို့သော် ၎င်းတို့အတွက် ကွဲပြားခြားနားသော algorithmic များရှိမည်ဖြစ်သည်။)

Example. An overloaded function is the summation of two integers, the three integers, two reals.(၎င်းတို့၏ လုပ်ဆောင်ချက်များ(operation)သည် ကိန်းများအား ပေါင်းခြင်းပင်ဖြစ်သည်.function name သည် နာမည်တစ်ခုထဲဖြစ်ပြီး ၎င်းတို့၏ operate များသည်အတူတူပင်ဖြစ်သည်)
# include <iostream>
using namespace std;

int sum (int a, int b) {return a + b;}
int sum (int a, int b, int c) {return a + b + c;}
float sum (float a, float b) {return a + b;}

int main ()
{int m, k, l;
float p, q;
cout << "m =";
cin >> m;
cout << "k =";
cin >> k;
cout << "l =";
cin >> l;
cout << "p =";
cin >> p;
cout << "q =";
cin >> q;
cout << "m + k =" << sum (m, k) << endl;
cout << "k + l =" << sum (k, l) << endl;
cout << "m + k + l =" << sum (m, k, l) << endl;
cout << "p + q =" << sum (p, q) << endl;
return 0;
}

ပရိုဂမ်တစ်ခုတည်းတွင် တူညီသော အမည်တစ်ခုတည်းနှင့် ဖန်ရှင်အမျိုးမျိုးအားထား၇ှိ အသုံးပြု နိုင်ခြင်းမှာ polymorphism(полиморфизма) ၏ ၀ိသေသနတစ်ရပ်ပင်ဖြစ်သည်။ လိုအပ်သော အပိုင်းအား ရွေးချယ်ရာတွင် ပရိုဂမ်အား compile ပြုလုပ်သော အဆင့်တွင်ဖြစ်နေသောကြောင့် ၎င်းအား static polymorphism ဟုခေါ်သည်။ function overloading ပြုလုပ်ရာတွင် ခက်ခဲစေတက်သော condition(3)ခုရှိသည်။ 
1.overload ပြုလုပ်မည့် function များတွင် return type များသာ ကွဲပြားပြီး အခြားအားလုံးတူညီနေပါက ၎င်း functions များသည် overloaded မပြုလုပ်နိုင်ပေ။
int OverloadFn(char *str); 
char OverloadFn(char *str);
2. overload ပြုလုပ်မည့် function များ၏ argument များတွင် reference အသုံးပြုမှု့သာ ကွဲပြားခြားနားနေပါက ၎င်း functions များသည် overloaded မပြုလုပ်နိုင်ပေ။
int OverloadFn (int param);
int OverloadFn (int & param);
3. overload ပြုလုပ်မည့် function များ၏ argument များတွင် modifier များဖြစ်သော const နှင့် volatile အသုံးပြုမှု့သာ ကွဲပြားခြားနားနေပါက ၎င်း functions များသည် overloaded မပြုလုပ်နိုင်ပေ။
int OverloadFn (int param);
int OverloadFn (const int param);
int OverloadFn (volatile int param);

တူညီသော Identifiers များအား ကွဲပြားခြားနားသော algorithmically နည်းများဖြင့် အနီးကပ်ဆုံးတူညီသော တန်ဖိုးများရရှိအောင် ပြုလုပ်နိုင်သော လုပ်ဆောင်ချက်အား polymorphism ဟုခေါ်သည်။

Using default arguments
Default argument အားအသုံးပြုခြင်းသည် function overloading တွင်အရိုးရှင်းဆုံးပုံစံတစ်ခုဖြစ်သည်။ function ၏ တစ်ခု argument တစ်ခု(သို့) တစ်ခုထက်ပိုမို၍ default argument အားအသုံးပြု၍ default ပြုလုပ်ထားနိုင်သည်။function argument များအား default argument ပြုလုပ်ရန်အတွက် function header တွင် argument နှင့် တူညီနှင့်တန်းဖိုးကြားတွင် equality sign (=) ထားရှိပေးရမည်ဖြစ်သည်။
void Fn (int arg1=0,int arg2=1000);
viod Fn ( int =0, int=1000);
အထက်ဖော်ပြပါ prototype နှစ်ခုစလုံးသည် အတူတူပင်ဖြစ်သည်။
အကယ်၍ function ၏ မတည်ရှိသော argument အစိတ်အပိုင်းအား call ခေါ်မိသောအခါ , complier သည် argument list ၏ နောက်ဆုံးတွင်ရှိနေသော argument အား တွက်ချက်လိမ့်မည်ဖြစ်သည်။
Fn();             //arg1=0,arg2=1000
Fn(10);         //arg1=10,arg2=1000
Fn(10,99);     //arg1=10,arg2=99
Default argument များသည် constants (သို့) global variable များဖြစ်ရမည်ဖြစ်သည်။


translated by zmk@miet51



















1 comment: