MY ADVICES FOR PROGRAMMING LANGUAGE


အကြံပြုချက် …..

C++ language programming အပါအ၀င် မည်သည့် programming language မဆိုလေ့လာပါက အခြေခံ concept များမှစတင်၍ လေ့လာမှသာ လွယ်ကူလိမ့်မည်ဖြစ်ပါတယ်။စတင်လေ့လာရာတွင် မည်သည့် programming မဆိုလေ့လာပါက ၎င်းတို့၏ရေးထုံးရေးနည်း (syntax) သာ မက programming technique ပါတွဲဖက်လေ့လာသွားစေချင်ပါတယ် သို့မှသာ တစ်ခြား programming language များဆက်လက်လေ့လာရာတွင် လွယ်ကူစေမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့် programming language တိုင်း၏ သဘောသဘာဝသည် အတူတူပင်ဖြစ်လို့ပါပဲ။ဥပမာ c language လေ့လာထားဖူးသူသည် c++ အားဆက်လက်လေ့လာ၇ာတွင် အဆင်ပြေလွယ်ကူစေပါတယ် ထို့အတူ c++ လေ့လာထားဖူးပြီး oop အဆင့်ထိပိုင်နိုင်သူသည် java အပါအ၀င် တစ်ခြား programming language များပြောင်းလဲလေ့လာရာတွင် သာမန်ထက်အနည်းငယ် အခက်တွေ့စေသော်လည်း programming တိုင်း၏ technique သိရှိထားပါက လွယ်ကူစေလိမ့်မည်ဖြစ်ပါတယ်။

အကြံပြုချက်(၁)
Programming အား absolute မှ စတင်လေ့လာသူများသည် အစပိုင်းတွင် အနည်းငယ် ကြိုးစားအားထုတ်ဖို့လိုပါလိမ့်မယ် ထို့အတူ မိမိနားမလည်မသိရှိသော အရာများအားလည်း အလွယ်တကူ ကျော်မသွားပဲ မှတ်သားထား၍နောက်တစ်ချိန်တွင် ပြန်လည်ရှာဖွေဖတ်ရှု့ဖို့လိုပါလိမ့်မယ် သို့မှသာ နောက်ပိုင်းပိုမိုလေ့လာသောအခါ ဆက်စပ်တွေးခေါ်ရာတွင် အဆင်ပြေစေပါလိမ့်မယ်။နောက်တစ်ခုက အခေါ်အဝေါ်များဖြစ်ပါတယ်. Programming ဆိုင်ရာအခေါ်အဝေါ်များသည် programming နယ်ပယ်တွင်သာ တွေ့ရှိရသည်ဖြစ်သောကြောင့် သာမာန်လူတစ်ယောက်အတွက် စိမ်းကောင်း စိမ်းနေပါလိမ့်မယ်.. ထိုစိမ်းနေသော အခေါ်အဝေါ်များအား မသိရှိပဲနှင့် ဆက်လက် လေ့လာရန်မဖြစ်နိုင်ပါ. မဖြစ်မနေရင်းနှီးသွားအောင် ပြုလုပ်သင့်ပါသည်.။ (russia မှ ပညာတော် သင်များသည် ရုရှားလိုပါ အဓိကကျသည့် အရာများအား သိရှိထားသင့်ပါသည်)။

အကြံပြုချက်(၂)
ပရိုဂမ်အားလေ့လာရာတွင် စာအုပ်များသာမက ပရိုဂမ်နှင့်သက်ဆိုင်သော site ကောင်းကောင်းများ blogs များလည်းဆောင်ထားသင့်ပါတယ်.။အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်တွင် အတွေးအခေါ်တစ်ခုစီဖြင့် မိမိနှင့်နားလည်ကိုက်ညီသော ရှင်းပြမှု့မျိုးရှိသော blog များ site များဖြစ်ပါက ပိုမိုအဆင်ပြေစေသော ကြောင့် ဖြစ်ပါသည်။ မည်သည့်ဘာသာရပ်မဆို လေ့လာရာတွင် ရှာဖွေရန် www.google.com    နှင့်လေ့လာရန် http://www.wikipedia.org/  တို့သည် အမြဲမဖြစ်မနေ ကျွမ်းကျင်စွာအသုံးပြုတက်ရန်လိုအပ်ပါသည်။ ကျွန်တော့် အကြံပြုချက်အရ http://www.cplusplus.com/ နှင့် http://www.functionx.com/ ဆိုဒ်နှစ်ခုသည် အခြေခံအတွက်သာမက အတော်လေး ရှင်းလင်းလွယ်ကူစေ သော site နှစ်ခုဖြစ်ပါတယ်။သို့သော် ကျွန်တော် အကြိုက်ဆုံး ဆိုဒ်ကတော့် http://www.learncpp.com/ ပဲဖြစ်ပါတယ်။ စိတ်ရှည်စွာ ဖတ်ရှု့လျှင် programming sense အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်သော site တစ်ခုဖြစ်ပါတယ်။

နောက်ဆုံးတစ်ခု ကျွန်တော်အကြံပြုချင်တာကတော့် programming language တွင်လည်း theory နှင့် pratical ဟူ၍ယူဆချင်ပါသည်။ကျွန်တော်ဆိုလိုချင်သည်မှာ theory သဘောအရ မည်သို့မည်ပုံပြောင်းလဲပုံ နှင့် အခြေခံ syntax များမသိပဲနှင့် pratical ပိုင်းဆိုင်ရာ ရေးသားတွေးတော နေလျှင်အဆင်ပြေလိမ့်မည်မဟုတ်ပါ။ထို့ကြောင့် များများတွေးပြီးရေးနိုင်ရန် အ၇င်ဦးစွာ များများဖတ်၇န်လိုအပ်ပါသည်။ရေး၇င်းနှင့် တက်မြောက်သွားသည်မှာ မှန်ကန်သော်လည်း သဘောသဘာဝနှင့် technigue ပိုင်းဆိုင်ရာတွင် theory ပိုင်းမှသာ အများဆုံး၇နိုင်လိမ့်မည် ဖြစ်ပါသည်။ သို့သော် ကျွမ်းကျင်မှု့တွင်တော့် များများရေးသားသောသူသာ ပြည့်ဝသူဖြစ်ပါလိမ့်မယ်။

ကျွန်တော့် blog ထဲတွင် အခြေခံဆိုင်ရာ ပို့စ် အနည်းငယ်ရေးပြီးပါက နောက်ပိုင်း programming နှင့်ဆိုင်သော ပို့စ်အများစုသည် ဆရာမ asharina (Ашарина Ирина Владимировна ) http://tutors.swamp.ru/tutors/show/243/ ( <= only local link)၏ အဓိက လက်ချာအများစုအား ဘာသာ ပြန်ဆိုခြင်းသာဖြစ်ပါလိမ့်မည် ။အစပိုင်းတွင် ကိုယ်ပိုင်ပုံစံဖြင့်နားလည်အောင် ရေးချင်သော်လည်း နောက်ပိုင်း ပညာသင်များတွက် အထောက်အကူပြုစေရန် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ ဘာသာပြန်ဆိုခြင်းဖြစ်သောကြောင့် အချို့နေရာများတွင် အခက်အခဲဖြစ်သောကြောင့် အဓိပါယ်တူညီသော အရာများအား အနည်းငယ် အစားထိုးဖြည့်စွပ်ရလိမ့်မည်ဖြစ်ပါသည်။ ကျွန်တော်သည်လည်း ကျောင်းသားတစ်ယောက် အဆင့်မျှသာ ဖြစ်သောကြောင့် အမှားရှိနိုင်ပါသည်။ သို့သော် အကောင်းဆုံးအနေဖြင့် ကြိုးစားထားပါသည်..။ အကယ်၍ တစ်စုံတစ်ခု အတွက် အကြံဥာဏ်ပြုလိုပါက အလွန်ကျးဇူးတင်လျှက် ကြိုဆိုနေမည်ဖြစ်ပါသည်။ 

အားလုံးပဲ အောင်မြင်စွာ ဖြတ်သန်းနိုင်ရုံသာမက တန်ဖိုးရှိ အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ..။

written by zmk@miet51



No comments:

Post a Comment