c/c++ ဆိုတာကတော့် popular
အဖြစ်ဆုံး programming language တွေထဲကတစ်ခု ပဲဖြစ်ပါတယ်။c/c++ သာမကပဲ တစ်ခြားသော
Programming (Java,PHP,Peral,Scriptin,Ruby..)တွေလည်း ubuntu အပါအ၀င်
တစ်ခြားသော distro တွေမှာ အသုံးပြုရတာ အဆင်ပြေပါတယ်။)
ပထမဦးစွာ c/c++ ကို complie
ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ development libraries တွေကို install
ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command ကိုအသုံးပြုပါ။
sudo apt-get install build-essential
ကျွန်တော်ကတော့် gcc complier ကိုအသုံးပြုမှာ
ဖြစ်ပါတယ်. gcc complier ကို install ပြုလုပ်ပါ့မယ်။အောက်က command_line ကို အသုံးပြုပါ။
sudo apt-get install gcc
First C program
ကွန်တော်တို့ install
ပြုလုပ်ပြီးပြီဆိုလျှင် ပထမဦးစီး c ပရိုဂမ်တစ်ခုကို စမ်းသပ်ပြီး complie
ပြုလုပ်ကြည့်ပါမယ်။
Desktop ပေါ်က ဖိုဒါတစ်ခုထဲမှာ
ဖိုင်တစ်ဖိုင်ဆောက်ပြီး .c extension နဲ့ save ပြုလုပ်လိုက်ပါ။ပြီးရင်တော့်
အလွယ်ဆုံး c ပရိုဂမ်တစ်ခုရေးလိုက်ပါ။
#include<stdio.h>
int main()
{
printf(“Welcome to MIET\n”);
return 0;
}
ဖိုင်ထဲကို အပေါ်က code
ကိုရေးထဲ့ပြီး နာမည်တစ်ခုခုနဲ့ save လိုက်ပါ(ဥပမာ miet.c)။
ထို့နောက် terminal မှ မိမိ C
ပရိုဂမ် file ရှိတဲ့နေရာသို့ သွားပြီး ထို c program file ကို complie
ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command ကိုအသုံးပြုပါမယ်။
gcc miet.c –o test
-o ဆိုတဲ့ option ကတော့် ( specifies the Output File Nmae) ဖြစ်ပြီး ကျွန်တော်တို့
compile ပြုလုပ်လို့ရတာတဲ့ ဖိုင်ကို နာမည်ပေးတာဖြစ်ပါတယ်။ အကယ်၍ အဲလိုနာမည်မပေးပဲ gcc miet.c လို့ complie ပြုလုပ်ခဲ့ရင် default အနေနဲ့ a ဆိုတဲ့ နာမည်နဲ့ output ထွက်လာမှာဖြစ်ပါတယ်။
ယခုC program မှရလာတဲ့ output
ဖိုင်ကို run မှာဖြစ်ပါတယ်။run ဖို့အတွက် ./test ဖြစ်ပြီး . ဆိုတာကတော့်
လက်ရှိတည်ရှိနေတဲ့ file location ဖြစ်ပြီး test ကတော့် ရရှိလာတဲ့ output file name
ပဲဖြစ်ပါတယ်။
"Welcome to MIET"
ဆိုတဲ့ output ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
C++ program
နောက်တစ်ခု အနေနဲ့ c++
program ကို run ကြည့်မှာ ဖြစ်ပါတယ်။ c++ အတွက် အသုံးပြုရမယ့် complier command
ကတော့် g++ ပဲဖြစ်ပါတယ်။
C နှင့် C++ သည် file
extension တူညီမည်မဟုတ်ပဲ C++ သည် .ccp extension ဖြစ်ရမည် ဖြစ်ပါတယ်။
ယခု C++ file တစ်ခုကို
တည်ဆောက်ပြီး complie ပြုလုပ်ကြည့်ပါမယ်။
#include<iostream>
using name spacestd;
int main()
{ cout<<”Welcome to
MIET”<<endl;
return 0;
}
အပေါ်က code ကို ဖိုင်တစ်ခုနဲ့
ရေးထည့်ပြီး .cpp extension နဲ့ save လိုက်ပါ။
ကျွန်တော်တို့ C++ program
ကို ထုံးစံအတိုင်း file ရှိတဲ့ location ကို terminal ကနေသွားပြီး
အောက်အတိုင်း complie ပြုလုပ်ပါ့မယ်။
g++ miet.cpp –o test
complie ပြုလုပ်လို့ code မှာ
error မပါခဲ့ဘူးဆိုလျှင် အောက်ဖော်ပြပါ test ဖိုင်လေးရရှိမှာပါ။
၎င်းကို run ဖို့အတွက်./test အောက်ပါအတိုင်း
output ဖော်ပြပါလိမ့်မယ်။ ( . ဆိုတာကတော့် လက်ရှိတည်ရှိနေတဲ့ file location ကိုညွန်းတာဖြစ်ပြီး
test ကတော့် ခုကရရှိလာတဲ့ output ဖိုင်ပဲဖြစ်ပါတယ်။)
"Welcome to MIET" ဆိုတဲ့
output ကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ အခြားသော C/C++ program တွေကိုလည်း ထိုနည်းအတိုင်း
complie ပြုလုပ်ပြီး run နိုင်ပါတယ်။
No comments:
Post a Comment