Packet_Tracer


Packet tracer ကတော့် computer_network လေ့လာသင်ယူဖူးသူတိုင်းသိမှာပါ။computer_network_ simulation software တစ်ခုဖြစ်ပြီး Cisco System မှ provide ပြုလုပ်ထားတာပါ။သူ့ကိုအဓိက အသုံးပြုတာကတော့် education မှာ training အနေနဲ့အသုံးပြုတာပါ။ယခုလက်ရှိမှာ ၎င်း ဆော့်ဝဲကို အလွယ်တကူ Install ပြုလုပ်နိုင်ဖို့ DEB package အနေနဲ့ရရှိနိုင်ပြီ ဖြစ်ပါတယ်။
သူ့ရဲ့မူရင်း homepage မှာ register ပြုလုပ်ပြီးတော့် သက်ဆိုင်ရာ Linux_distro တွေ အတွက် packet တွေကို သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။
ဖော်ပြပါ လင့်တွေမှာလည်း  1    2    3  သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။


ကျွန်တော်တို့ ဒေါင်းလော့ချလို့ရလာတဲ့ package ကို unzip ပေးပြီးတော့် executable ပြုလုပ်နိုင်အောင် permission ပြုလုပ်ပေးရမှာဖြစ်ပါတယ်။(မူရင်း ဒေါင်းလော့ချထားတဲ့နေရာမှာလည်း permission ပြောင်းလဲဖို့ ညွန်းထားပါတယ်)။
ထို့နောက်permission ပြောင်းဖို့ ဒေါင်းလော့ချထားတဲ့ location ကိုသွားပြီး အောက်ဖော်ပြပါ command ကိုအသုံးပြုပါ။
suco chmod +x Packtra..............................

(chmod ကတော့် command ဖြစ်ပြီး နောက်က +x ကတော့် executable ထပ်ထဲ့တဲ့ option ဖြစ်ပြီး Pack...... ကနော် မိမိပြုလုပ်မယ့် file နာမည်ပဲဖြစ်ပါတယ်)
 ထိုသို့ပြုလုပ်ပြီးရင်တော် commandline မှပဲအလွယ်တကူ install ပြုလုပ်လိုက်ပါ။(ဖိုင် name ရဲ့ရှေ့မှာ ./ ပဲထည့်ပေးလိုက်တာပါ။(./ ဆိုတာကတော့် လက်ရှိရှိနေတဲ့ နေရာကိုညွန်းတာပါ)
./Packtrace...........

ထို့နောက် EULA License နဲ့ Law တွေကို ဖတ်ဖို့ ဖြေးဖြေးခြင်းအောက်ဆင်းပါ. Yes/No တောင်းတဲ့အခါ Y ကိုထည့်ပေးဖို့ပါ။ ကျော်သွားရင်တော့် အစကပြန်စရပါလိမ့်မယ်။


ကျွန်တော်တို့ Y ပေးပြီးရင်တော့် install ပြုလုပ်ပြီးပါပြီး။Dash home မှာ Cisco ကိုခေါ်ပြီး Packet_tracer ကိုစတင်အသုံးပြုနိုင်ပါပြီ။



ဒါကတော့်အဆင်မပြေရင် နောက်တစ်ခုအနေနဲ့ဖော်ပြတာပါ။ packet_tracer ကိုအသုံးပြုဖို့အတွက်  http://www.packet-tracer.com/  ကိုသွားပြီး ကျွန်တော်တို့ Ubuntu အတွက် BIN ဖိုင်ကိုဒေါင်းလော့ချပါ ။


ပြီးရင် ကျွန်တော်တို့ ဒေါင်းလော့ချထားတဲ့ location ကိုသွားပါ။ဒေါင်းလော့ချထားတဲ့ ဖိုင်ကို unzip ပေးပြီး
ဖိုင်ကို exectutable ဖြစ်အောင် сhmod နဲ့ executable ပေါင်းထည့်ပေးလိုက်ပါ။(အပေါ်ကဖော်ပြခဲ့တဲ့ command အတိုင်းပြုလုပ်နိုင်ပါတယ်။)

ပြီးရင် ထို ဖိုဒါထဲ ဆက်လက်ဝင်ရောက်ပြီး install ဆိုတဲ့ဖိုင်ကို အသုံးပြုပြီး install ပြုလုပ်နိုင်ပါတယ်။


ဆက်လက်ပြီး install ပြုလုပ်ပုံကတော့် အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။EULA License နဲ့ Law တွေကို တစ်ဆင့်ချင်းအောက်ဆင်းပြီး Y ပေးလိုက်ယုံပါပဲ။

ထို့နောက် terminal မှ PacketTracer5 ဟုခေါ်ဆိုပြီး အသုံးပြုနိုင်ပါတယ်။











No comments:

Post a Comment