After installation


Ubuntu installation ပြုလုပ်ပြီးတဲ့အခါ နောက်ထပ်ဘာတွေလိုအပ်လဲဆိုတော့် ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပေါ့ဗျာ.။ကျွန်တော်အခုဖော်ပြပါမှာက အဓိက အလိုအပ်ဆုံး တွေမဟုတ်ပါဘူး။ မဖြစ်မနေ လုပ်သင့်တဲ့အရာလေးတွေနဲ့ ကျွန်တော် ကြိုက်လို့ install လုပ်တာလေးတွေပဲဖော်ပြမှာဖြစ်ပါတယ်။။

(၁)update and upgrade


အဲဒါကတော့် မဖြစ်မနေလုပ်ရမယ့်အထဲမှာပါပါတယ်။ update ကတော့် လက်၇ှိ os ကို update ပေးတာဖြစ်ပြီး upgrade ကတော့် system တစ်ခုလုံးကို upgrade ပြုလုပ်လိုက်တာဖြစ်ပါတယ်။update နဲ့ upgrade ပြုလုပ်ဖို့ အတွက် terminal(clt+alt+t ) ကနေ အောက်က command လေးကိုထည့်ပြီး enter ခေါက်လိုက်ရုံပါပဲ။
sudo apt-get update && sudo apt-get upgrade


(၂)install ubuntu restricted extras


Ubuntu restricted extracts ကလည်း install ပြုလုပ်ရမယ့် package ထဲမှာပါပါတယ်။အဓိက popular format များဖြစ်သော mp3,avi,flash video .. etc များဖွင့်နိုင်ရန်အတွက် install ပြုလုပ်သင့်ပါတယ်။ubuntu software center ကနေ ubuntu restricted extras လို့ရိုက်ထည့်ပြီး အလွယ်တကူ install ပြုလုပ်နိုင်သလို terminal ကနေ install ပြုလုပ်ရန်အတွက် အောက်က command လေးကို ထည့် ပြီးတော့် enter ပေါ့။
sudo apt-get install ubuntu-restricted-extras

(၃)myanmar fonts

ဒါလည်း အဓိက ပဲပေါ့။ မြန်မာဖောင့် ကတော့် zawgyi ဖောင့်နဲ့အနီးစပ်ဆုံးတူညီတဲ့ package ကို install ပြုလုပ်မှာပါ။(ကျန်တဲ့ မြန်မာဖောင့်တွေ ချိန်းတာတွေ နောက်မှဖော်ပြပါမယ် ။ http://code.google.com/p/zawgyi-keyboard/ ကို သွားပါ zawgyi_keyboard-0.3.3.tar.gz ကိုရွေးချယ်လိုက်ပါ။ပြီးရင် ဒေါင်းလော့ချလိုက်ပါ။ ရတဲ့ package ကို desktop ပေါ်တင်လိုက်ပါ။
Desktop ပေါ်ရောက်ပြီဆိုရင် terminal ကိုဖွင့်လိုက်ပါ(clt+alt+t)။အောက်က command တွေကိုတစ်ဆင့် ချင်းရိုက်ထည့်ပေးပါ။(တကယ်တော့် install လုပ်တဲ့ command တွေကမခက်ပါဘူး ခုမှ command line ကိုစတွေ့ဘူးတဲ့သူတွေ အတွက်တစ်ဆင့်ချင်းဖော်ပြပေးပါမယ်)။
terminal ကို ဖွင့်ပြီးရင် zawgyi package ရှိတဲ့နေရာ Desktop ကိုသွားမှာ ဖြစ်တဲ့အတွက် အောက်က command ကိုအသုံးပြုပါ။(cd = change directory) 
cd Desktop 

ပြီးရင် ls ဆိုပြီး Desktop ပေါ်မှာရှိတဲ့ list ကိုကြည့်ရှု့တဲ့အခါ ကျွန်တော်တို့တင်ထားတဲ့ zawgyi_package ကိုတွေ့မှာပါ။zawgyi_package ဟာ tar.gz ဖြစ်နေတဲ့အတွက် ၎င်းဖိုင်ကို ဖြေဖို့ အတွက် အောက်က ကွန်မန့်ကိုအသုံးပြုရမှာပါ။(tar ဆိုတာကတော့် zip ဖိုင်တွေ ကိုဖြေတဲ့ command ဖြစ်ပြီး -xzf ဆိုတဲ့ option တွေကိုသိချင်ရင်တော့် tar --help ဆိုပြီး ကြည့်ရှု့နိုင်ပါတယ်)
tar -xzf zawgyi_keyboard-0.3.3.tar.gz

ဖိုင်ဖြေပြီးတဲ့အခါမှာ ls နဲ့ပဲ ပြန်လည်ကြည့်ရှု့တဲ့အခါ ဖြေလို့ရလာတဲ့ zawgyi ဖိုဒါလေးကိုတွေ့ရမှာ ဖြစ်ပါတယ်။အခု ၎င်း ဖိုဒါထဲကို ရွေ့မှာဖြစ်တဲ့အတွက် အောက်က command ကိုရိုက်ထည့်ပေးပါ။
cd zawgyi

ဖိုဒါထဲကို ရောက်သွားပြီးဆိုရင် ls နဲ့ကြည့်တဲ့ zawgyi_keyboard.py ကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ zawgyi_keyboard.py ကို run တော့်မှာ ဖြစ်တဲ့အတွက် အောက်က command ကိုရိုက်ထည့်ပေးပါ။
sudo python zawgyi_keyboard.py

password တောင်းတဲ့အခါ sudo password ရိုက်ထည့်ပေးလိုက်ပြီး install လုပ်မှာဖြစ်တဲ့အတွက် i ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပေးလိုက်ပါ။install ပြုလုပ်ပြီးတဲ့အခါ q ရိုက်ထည့် exit ပြုလုပ်လိုက်တဲ့ အခါ install ပြုလုပ်ခြင်းပြီးဆုံးသွားပါပြီ။




မြန်မာဖောင့်ကို ရိုက်နိုင်ဖို့အတွက် keyboard option ကနေ burmese ကို add ပြုလုပ်ပြီး option မှတစ်ဆင့် keyboard_layout ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

(၄) install conky

Conky ဆိုတာကတော့် မိမိ desktop ပေါ်မှာ system ရဲ့ information တွေကိုပြသခိုင်းတဲ့ system-monitor တစ်ခုပါ။(CPU usage,RAM usage,net,cores,clock,date,etc…)အောက်ဖော်ပြပါ လင့်မှာ မိမိနှစ်သက်တဲ့ conky_theme ကိုသွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။
http://gnome-look.org/content/search.php ။ conky install ပြုလုပ်နည်းကိုတော့် ဒီနေ ရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။
 
(၅)install VLC

Player တွေများစွာရှိတဲ့ ထဲကမှ vlc မှသုံးချင်တဲ့သူတွေလည်းရှိပါတယ်။သုံးလည်း သုံးသင့်ပါတယ် တစ်ခြား player တွေမပါတဲ့ feature တွေသူ့မှာပါဝင်ပါတယ်။VLC player ကိုလည်း ubuntu software center ကနေတင်ဆင့် install လုပ်နိုင်သလို terminal ကနေလည်း install ပြုလုပ်နိုင်ပါတယ်။
sudo apt-get install vlc

(၆)dock install

ဒါကတော့် ကျွန်တော့်အကြိုက် သီးသန့်ပါ ဘာမှတော့်မဟုတ်ပါဘူး ubuntu သုံးမှတော့် dock လေးတွေသုံးသင့်တယ်ထင်လို့ပါ dock အမျိုးမျိုးထဲကမှ ကျွန်တော်ကြိုက်တာကတော့် Cairo-Dock ပါ။Software-center ကနေ install ပြုလုပ်နိုင်ပါတယ်။
 






(၇)wine


Wine ကတော့် window program တွေကို ubuntu ပေါ်မှာ install ပြုလုပ်နိုင်ရန်အတွက် window_program_loader တစ်ခုဖြစ်ပါတယ်။(အထူးသဖြင့် .exe extension အတွက်ပါ)။ ဥပမာ ကျွန်တော်ဆို wine ပေါ်မှာတစ်ဆင့် dictionary အသေးလေးတွေ install ပြုလုပ်ပါတယ်။တစ်ချို့ဂိမ်းတွေ ကိုလည်း အဲကနေတစ်ဆင့် install ပြုလုပ်နိုင်ပါတယ်။တစ်ချို့ဂိမ်းတွေကိုတော့် dlls နဲ့ libraries တွေမှာ အနည်းငယ် ပြင်ရသေးပါတယ်။(btw::gameing မှာတော့် window_os ကို မည်သည့် os မှ မယှဉ်နိုင်ပါဘူး)။ ဘာပဲဖြစ်ဖြစ် wine ကိုတော့် install လုပ်ထားသင့်ပါတယ် တစ်ချို့သော window application တွေကို install လုပ်နိုင်ဖို့ပါ။software_center ကနေတစ်ဆင့် install လုပ်နိုင်ပါတယ်။


(၈)skype install


Skype ကတော့် တစ်ချို့လူတွေအတွက် ပုံမှန်သုံးနေကြဖြစ်ပေမယ့် တစ်ချို့အတွက်တော့် ဒီနေရာ VZO သမားတွေ အတွက် အစားထိုးဖြေသိမ့်ရာပေါ့။vzo ကို wine ပေါ်မှာ တစ်ဆင့် install ပြုလုပ်လို့မရပါဘူး။၎င်း မှာ hardware configuration ပါ ပါတဲ့အတွက် error တက်ပါတယ်။skype ကို install ပြုလုပ်ဖို့အတွင် ubuntu terminal မှလည်းပြုလုပ်နိုင်သလို command လိုင်းမှ တစ်ဆင့်လည်း ပြုလုပ်နိုင်ပါတယ်။
sudo apt-get install skype
http://www.skype.com/intl/en/get-skype/on-your-computer/linux/ ဒေါင်းလော့ချလိုက်ပါ။ရလာတဲ့ package ကို double_click နှိပ်ပြီး install ပြုလုပ်နိုင်ပါတယ်။


(၉)dropbox

File sharing နဲ့ online storage အတွက်အဓိကထားသုံးတာပါ။ဥပမာ ကျွန်တော့် ဆရာနဲ့ ကျွန်တော့် folder တစ်ခုထားပြီး ရှယ်ထားသလိုပေါ့။(အိမ်စာတွေဆိုရင် ကျွန်တော်က code အမှားတွေကို folder ထဲထည့်တယ် ဆရာက ပြန်ဖျက်တယ် :P)။file sharing မှာ တော်တော်လေးကောင်းတဲ့ ဆော့်ဝဲလေးပါ။online storage ပါအသုံးပြုကြပါတယ်။တကယ်လည်း အသုံးပြုသင်တဲ့ ဆော့်ဝဲလေးပါတယ်။အောက်ကလင့်မှာ ubuntu အတွက် သွားရောက်ဒေါင်းလော့ချယူပါ။
 

(၁၀)unity cities lens(ubuntu 12.04)
Unity cities lens က ဘာမှတော့်မဟုတ်ပါဘူး။ နည်းနည်း ခေတ်ဆန်ဆန်လေးပေါ့ဗျာ။အသုံးပြုပုံကတော့် Dash ကိုဖွင့်ပြီး မိမိသိချင်တဲ့ မြို့နာမည် ရိုက်ထည့်လိုက်ရုံပါပဲ တည်နေရာ-အချိန်-ရာသီဥတု တို့ကို ဖော်ပြပေးပါတယ်။ကျွန်တော့် နယ်မြို့သေးသေးလေးတောင် ရိုက်ထည့်ရင် အချက်အလက်ပြန်ပြပါတယ်။ ၎င်းကို install ပြုလုပ်ဖို့အတွက် terminal မှ အောက်က command line များကို တစ်ခုချင်းဆီ ရိုက်ထည့် ပေးပါ။
 
sudo add-apt-repository ppa:scopes-packagers/ppasudo apt-get updatesudo apt-get install unity-lens-utilities unity-scope-cities

 (၁၀)GIMP install

Photo editer သမားများအတွက်ပေါ့ဗျာ။photoshop လောက် professional မဆန်ပေမယ့် tool တွေ အစုံအလင်ပါပါတယ်။professioanl နီးပါး အသုံးပြုနိုင်ပါတယ်။ubuntu software center ကနေ အလွယ်တကူ install လုပ်နိုင်ပါတယ်။


No comments:

Post a Comment