MEMORY UNIT AND BINARY-DECIMAL-HEXADECIMAL SYSTEM

Memory Unit

ကျွန်တော်တို့သည် ကွန်ပျူတာနယ်ပယ်တွင် မကြာခန bit  ဟူသော စကားလုံအား မကြာခဏ ကြားနေရမည် ဖြစ်သည်။ (ဥပမာ RAM  2Gb(giga byte(8bit=1byte), processor 32-bit)။ထို bit ဟူသော အခြေခံကျသော ယူနစ် အားနားလည်ရန်အတွက် အခြေခံမှာ digit ဖြစ်သည်။0-9 အက္ခရာများသည် digit များဖြစ်သည်။
Bit(бит)
Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးငယ်ဆုံးပမာဏကို တိုင်းတာသော ယူနစ်တစ်ခုဖြစ်သည်။ ကွန်ပျူတာများသည် data များအား ဖော်ပြရာတွင် အခြေခံအကျဆုံးအနေဖြင့် 0(သို့)1 ဖြင့်သာဖော်ပြပြီး ထိုဖော်ပြသော စနစ်ကို binary system လို့ခေါ်ဆိုကြသည်။ထို ဖော်ပြသော 0(သို့)1 အက္ခရာတွေများ digit ဟုခေါ်ဆိုကြသည်။ထို 0(သို့)1 digit များသည် binary system ထဲတွင်အသုံးပြုနေသောကြောင့် binary digit ဟုခေါ်ဆိုပြီး ထပ်မံ၍ binary digit အားအကျဉ်းချုန်း၍ bit(binary digit) ဟုခေါ်ဆိုကြသည်။ထို 0(သို့)1 bit များသည် ကွန်ပျုတာတစ်ခု၏ အခြေခံအကျဆုံးသော ပမာဏဖြစ်ကြသည်။ ထိုအခြေခံအကျဆုံးသော bit ပေါ်မူတည်၍ အခြား ယူနစ်များထပ်မံတိုးများလာခြင်းဖြစ်သည်။


Bits:
8 bits = 1 byte
Bytes:
1024 bytes = 1 KB (1 to 3 digits)
Kilobytes:
1024 KB = 1 MB (4 to 6 digits)
Megabytes:
1024 MB = 1 GB (7 to 9 digits)
Gigabytes:
1024 GB = 1 TB (10 to 12 digits)
Terabytes:
1024 TB = 1 PB (13 to 15 digits)
Petabytes:
1024 PB = 1 EB (16 to 18 digits)
Exabytes:
1024 EB = 1 ZB (19 to 21 digits)
Zettabytes:
1024 ZB = 1 YB (22 to 24 digits)
Yottabytes:

Binary system and decimal system
Binary number 0 & 1 သာအသုံးပြုသော စနစ်ကို binary system လို့ခေါ်ဆိုကြသည်(bi=2)။ တစ်နည်းအားဖြင့် base2 system  ဟူ၍လည်းခေါ်ဆိုကြသည်။Decimal system သည် 0-9 အတွင်းရှိ digit များအား အသုံးပြုထားသော system တစ်ခုဖြစ်သည်။(decem =10)။ထို digit 10 ပေါ်တွင်အခြေခံထားသောကြောင့် base10 system ဟုလည်းခေါ်သည်။Decimal system သည်(0-9) ဂဏန်းများပါဝင်အသုံးပြုထားသောကြောင့် 0 နှင့် 1 နှစ်ခုတည်းသာအသုံးပြုသောBinary syatem ထက်ပိုမို၍ ကိန်းဂဏန်းများဖော်ပြရာတွင် အဆင်ပြေလွယ်ကူစေပါသည်။ (ဥပမာ 1989(in decimal) = 101101 (in binary)။Programming ဆိုင်ရာ အခြေခံအနေဖြင့် ကိန်းဂဏန်းများအား အခြေခံတွက်မှု့များအတွက် Decimal number မှ binary number သို့ပြောင်းလဲရန်ဖြစ်စေ Binary number မှ decimal  number သို့ပြောင်းလဲရန် သိထားသင့်ပါသည်။ သာမန် decimal ကိန်းတစ်ခုမှ binary သို့ပြောင်းလဲရန်အတွက် base10 မှ base 2 သို့ပြောင်းလဲရမည်ဖြစ်သည်။
http://www.wikihow.com/Convert-from-Binary-to-Decimal

ထို့အတူ decimal to binary ပြောင်းလဲခြင်းအားလည်း သိရှိထားသင့်ပါသည်။
http://www.wikihow.com/Convert-from-Decimal-to-Binary

ကျွန်တော်တို့ binary မှ decimal ၊ decimal မှ binary သို့ပြောင်းလဲခြင်းသိရှိပြီးလျှင် ထပ်မံ၍ ထို binary number များအား arithmetic ဆိုင်ရာ + - * / ပြုလုပ်ခြင်းများအား အနည်းငယ်ထပ်မံလေ့လာနိုင်လျှင် တစ်ခြားသော ဘာသာရပ်များတွင်လည်း အထောက်အကူပြုနိုင်ပေလိမ့်မည်။
http://www.binarymath.info/addition-subtraction.php 
Hexadecimal system
Base 2 အခြေခံသော binary system နှင့် base 10 အခြေခံသော decimal system ထက်ပိုမို၍ ပိုမိုအဆင်ပြေလွယ်ကူစေရန် base 16 အခြေခံသော hexadecimal system အား ကိန်းဂဏန်းများအား ဖော်ပြရန် အသုံးပြုကြပါသည်။သို့ရာတွင် base 16 ဖြစ်သောကြောင့် အက္ခရာ 16 လုံးပြည့်ရန် 0-9 ထက်ပိုမို၍ 10,11,12,13,14,15 အက္ခရာများအား အသုံးပြုရန်လိုအပ်သည်။သို့ရာတွင် ထို ကိန်းဂဏန်းများအား အက္ခရာတစ်လုံးတည်းအဖြစ်ဖော်ပြရန်အတွက် letter များဖြစ်သော a,b,c,d,e,f, (သို့) A,B,C,D,E,F letter များအားဖြည့်စွက်အသုံးပြုကြပါသည်။(10=a,11=b,12=c,13=d,14=e,15=f)

ထို့ထက်ပိုမို၍ hexadecimal system အသုံးပြု၍ number များဖော်ပြရာတွင် decimal system နှင့် တူညီရောထွေးမှု့မရှိစေရန် 0x သင်္ကေတဖြင့်ဖော်ပြကြသည်။ဥပမာ 426 ဟူသော ကိန်းဂဏန်းသည် decimal number တစ်ခုဖြစ်နိုင်သလို hexadecimal number တစ်ခုလည်းဖြစ်နိုင်သည်။ထိုသို့ ရောထွေးမှု့မရှိစေရန်အတွက် hexadecimal ဖြင့်ဖော်ပြရာတွင် 0x426 ဟုဖော်ပြကြသည်။ကျွန်တော်တို့၏ ကွန်ပျူတာသည် binary number များသာ အခြေခံအားဖြင့်နားလည်ပြီး ကျွန်တော်တို့နှင့် အကျွမ်းတ၀င်ဖြစ်သော decimal number များအားနားမလည်ပေ။ထို့ကြောင့် ကွန်ပျူတာသည် hexadecimal system အား အတိုင်းအတာတစ်ခုအထိ internediry system အဖြစ်အသုံးပြုသောကြောင့်လေ့လာနားလည်ရန်လိုအပ်သည်။
ထို့အပြင် decimal system ထက်ပိုမို၍ ကိန်းဂဏန်းများအား short form အနေဖြင့်ဖော်ပြနိုင်သည်။(ဥပမာ 51,617 (in decimal) = C91A (in hexa )။အထက်တွင်ဖော်ပြခဲ့သော binary မှ decimal ၊ decimal မှ binary သို့ပြောင်းလဲခြင်းအားလေ့လာပြီးလျှင် ယခု hexadecimal ပြောင်းလဲခြင်းသည်လည်း ခက်ခဲလိမ့်မည်မဟုတ်ပေ။ base 16 ဖြစ်သောကြောင့် 16 အားအစားသွင်းထည့်သွင်းတွက်ချက်လျင် အဆင်ပြေမည်ဖြစ်သည်။

                                                                               written by zmk@miet51

1 comment: