Ubuntu Distro


(Ubuntu(oo-BOON-too) ဆိုတဲ့အဓိပါယ်ကတော့် ရှေး Zulu (http://en.wikipedia.org/wiki/Zulu_people) နဲ့ Xhose() တို့ရဲ့ စကားဖြစ်ပြီး “လူသားချင်းစာနာမှု့” လို့အဓိပါယ်ဖွင့်လို့ရပါတယ်။)

Ubuntu ဆိုတာကလည်း များစွာသော Linux_distro တွေထဲက linux_os တစ်ခုဖြစ်ပါတယ်။Linux system ကိုအခြေခံထားတဲ့ အမျိုးမျိုးသော brand တွေကို Linux Distributions လို့ခေါ်ဆိုလေ့ရှိပြီး အတိုကောက်အားဖြင့် Linux_distro လို့ခေါ်ဆိုလေ့ရှိကြပါတယ်။ Ubuntu သည် လက်ရှိ popular အဖြစ်ဆုံး Linux_os တစ်ခုဖြစ်ပြီး Debian အား base ထပ်မံပြုလုပ်ထားသော os တစ်ခုလည်းပင်ဖြစ်သည်။ Debian ဆိုတာကတော့် Debra နှင့် Ian တို့စတင် ပြုလုပ်ခဲ့တဲ့ Linux distro တစ်ခုဖြစ်ပြီး os နယ်ပယ်မှာ တော်တော်လေးအသိအမှတ်ပြု ကောင်းမွန်ခဲ့တဲ့ os တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရင်က ၎င်း os ဟာ update ပြုလုပ်ပေးနိုင်မှု့ user friendly installation နဲ့ maintenance မှာ အနည်းငယ် လိုအပ်ချက်ရှိခဲ့ပါတယ်။(#ယခင်အချိန်က)

Ubuntu စတင်ခဲ့တာကတော့် တောင်အာဖရိက အင်တာနက် လုပ်ငန်း ထိပ်သီးပုဂိုလ် တစ်ယောက်က user တွေနဲ့ friendly ဖြစ်မယ့် Linux_distro တစ်ခုကို ထပ်မံပြုလုပ်မယ်ဆုံးဖြတ်ခဲ့ပြီး Debian ကိုထပ်မံအခြေခံ၍ ubuntu ဆိုတဲ့နာမည်နဲ့ distro တစ်ခုပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူက UK အခြေစိုက် Canonical Ltd တစ်ခုကို ဖွဲ့စည်းခဲ့ပြီး Ubuntu_Linux ကို support ပြုလုပ်စေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့် (http://en.wikipedia.org/wiki/Mark_Shuttleworth) Shuttleworth က ubuntu အတွက်ထပ်မံပြီး ubuntu အတွက် ငွေကြေးထောက်ပံ့ပြီး foundation တစ်ခုဖွဲ့စည်းခဲ့ပါတယ် ။ fundation ရဲ့အဓိက ရည်ရွယ်ချက်ကတော့် ubuntu ကို support ပြုလုပ်ဖို့နဲ့ development ပြုလုပ်ဖို့ပါ။စတင်ခဲ့တဲ့ 2004 ခုနှစ်ကစပြီး ယခု 2012 ဧပြီလမှာ 12.04 LTS ထွက်ပေါ်လာစေခဲ့ပါပြီ။
Linux_os တွေဟာ user တွေနဲ့ friendly ဖြစ်လာစေရန် GUI (Graphic User Interface) ကိုအဓိကထားပြီး develop ပြုလုပ်လာကြပါတယ်။Ubuntu မှာလည်း အဓိကအားဖြင့်တော့် Ubuntu -> Gnome Gaphical Desktop , Kubuntu  ->  KDE desktop , Xubuntu ကတော့် ->Xfce ကိုအသုံးပြုထားပါတယ်။

Ubuntu ကိုစတင်သုံးပြုတဲ့သူတွေ ရဲ့ အသုံးပြုရတဲ့အကြောင်းတွေကတော့် အမျိုးမျိုးရှိကြမှာပါ။အဲလိုပဲ ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးရှိကြမှာပါ။ os တိုင်းမှာတော့် အားသာချက် အားနည်းချက်ကတော့် ရှိနေကြဦးမှာပါ။Ubuntu ရဲ့အားသာချက်ကိုတွေကိုပြောရရင်လည်း open_source ရဲ့အကြောင်းကိုပြောရင် အနည်းငယ်ရှုပ်သွားမှာဆိုးလို့ ဥပမာ အရှင်းဆုံးအနေနဲ့ 7 နှစ်တာအတွင်း ထွက်ပေါ်လာခဲ့တဲ့ ubntu version16 ခုလုံးကို virus ပြသနာမရှိခဲ့ပါဘူး။ တစ်ခြားသောအားသာချက် အားနည်းချက်တွေကတော့် google မှာရှာဖွေကြည့်ပါ. စိတ်ဝင်စားစရာတွေ တွေ့ရပါလိမ့်မယ်။
Ubuntu ကိုစတင်အသုံးပြုသူတွေအတွက် အောက်ဖော်ပြပါလင့် သုံးခုက အထောက်အကူပေးဖြစ်မှာပါ။

နောက်တစ်ခုက LoCos Team ပါ။Local Communities ကိုဆိုလိုတာပါ။ အတိုကောက်အားဖြင့် “ LoCos” လို့ခေါ်ဆိုတာပါ။သူကတော့် ဒေသအတွင်း ubuntu user တွေရဲ့ community တစ်ခုလို့ ပြောလို့ရပါတယ်။ တစ်ကမ္ဘာလုံး ubuntu user တွေအတွက် အခြေခံကျတဲ့ အဖွဲ့အစည်းအခွဲလေးတွေ လို့လည်း ပြောလို့ရပါတယ်။
ဒါကတော့် Loco list ပါ http://loco.ubuntu.com/teams/
မြန်မာ loco ကိုလည်းတွေ့မြင်နိုင်ပါတယ်။ loco team တွေ၇ဲ့အဓိက လုပ်ဆောင်ချက်တွေကတော့် local အတွင်း အသုံးပြုမှု့များပြားအောင်, local language တွေကို support ပြင်ဆင်ခြင်းနဲ့ အခြားသော local user တွေ အခက်အခဲတွေ ညှိုနှိုင်းတိုင်ပင် ကူညီကြခြင်းပါပဲ။ထို့အတူ မိမိတစ်နိုင်သလောက် develop ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

Myanmar LoCo  Team fb_page ပါ။ http://www.facebook.com/ubuntumm . ကျွန်တော်တို့ myanmar_Ubunut_fb_group ကတော့် http://www.facebook.com/groups/ubuntu4mm/  သွားရောက်
လေ့လာသင့်ပါတယ်Core_member တွေတော်တော်များများ အကူညီပေးပါတယ် မြန်မာ  ubuntu_user 
တွေအတွက် တော်တော်လေး အထောက်အကူပြုမှာပါ။ ကျွန်တော်လည်း များသောအားဖြင့် အဲ group ကပဲလေ့လာပါတယ်။

( ကျွန်တော် U ကိုစသုံးတော့် 2011 / 5  ပိုင်းမှာပါ။ စသုံးရတဲ့အကြောင်းအရင်းတော့် မပြောတော့်ပါဘူး. ရှည်နေမှာဆိုးလို့ နောက်ပိုင်း MPI နဲ့ parallel လေ့လာတဲ့အခါ ပိုမိုအဆင်ပြေစေလို့ ဆက်လက်သုံးဖြစ်ပါတယ်။ fb မှာ group ရှိမှန်းတောင်မသိပါဘူး နောက်ပိုင်း Ko kyaw Swa Htoon နဲ့တွေ့လို့ သူ group ထဲကိုထည့်ပေးတာပါ သူရဲ့ blog ကတော့် http://www.kyawswahtoon.com/  ubuntu_user တွေဆောင်ထားသင့်တဲ့ ဆိုဒ်တစ်ခုပါ။ ( #ကျွန်တော်ကလုံးဝကို absolute beginner ပါ။ နောက်ပိုင်း group ထဲမှာ သူများတွေဆွေးနွေးနေတဲ့ အခက်အခဲတွေ လိုက်ဖတ်ရင်းနဲ့ အနည်းငယ်ကောင်းကောင်း သုံးတက်လာပါတယ်။အခု ကျွန်တော့် blog မှာရေးထားတာက ကျွန်တော်တို့ ကျောင်းမှာ သင်နေရတဲ့သင်ခန်းစာနဲ့ ပတ်သတ်တဲ့ program(package) တွေ install ပြုလုပ်နည်းလောက်ပါပဲ  ။ တော်တော်များများ မြန်မာလို ရှာဖွေချင်ရင်တော့် http://www.kyawswahtoon.com/  ကိုပဲသွားပါ။ မေးချင်တာသိချင်တာရှိရင်တော့် fb_group က welcome ပါ။ တစ်ခါလေမှာ open_source ရဲ့အရသာကို ခံစားသင့်ကြောင်း အကြုံပြုရင်း ကြိုဆိုပါတယ်….။


No comments:

Post a Comment