Algorithm(алгоритм)
ပထမဆုံး အနေနဲ့
algorithm ဆိုတာဘာလဲဆိုတော့် instruction sequence (ညွန်းကြားချက်(လုပ်ဆောင်ချက်) အစဉ်အစီ
ကိုခေါ်ဆိုတာပါ။
( /* ကျွန်တော်တို့
computer science အကြောင်းလေ့လာခဲ့ရာတွင် computer ဆိုတာ computer science နယ်ပယ်တွင်
tool တစ်ခုဖြစ်ပြီး ထို့နောက် မည်ကဲ့သို့ အသုံးပြုနိုင်ကြောင်းနှင့် ၎င်းအကူအညီဖြင့် အစွမ်းထက်စေနိုင်သော
programming ဆိုတာ coding အဓိက မဟုတ်ပဲ problem solving ဖြစ်ပြီး ထို problem
solve ပြုလုပ်ရာတွင် မည်ကဲ့သို့ step by step ပြုလုပ်ရန်လေ့လာရာတွင် algorithm ဖြင့်
အကျဉ်းမျဉ်း သုံးသပ်ရဖြင့် computer_algorithm ကို စတင်လေ့လာခဲ့ရခြင်းဖြစ်သည် */ )
Algorithm မှာ အဓိက အသုံးပြုတဲ့
support ဖြစ်စေတဲ့ tool နှစ်ခုကတော့် flowchart နဲ့ Pseudocode တို့ပဲဖြစ်ပါတယ်။flowchart
ကတော့် program အသေးတွေအတွက်ဖြစ်ပြီး Pseudocode ကတော့် large problem အတွက်ပဲဖြစ်ပါတယ်။
Flowchart ဆိုတာကတော့်
algorithm ကို graphical နဲ့ဖော်ပြတယ်လို့ပဲ အလွယ်မှတ်ယူနိုင်ပါတယ်။
ကျွန်တော်တို့
graphical နဲ့ဖော်ပြဖို့အတွက် symbol တွေအများကြီးရှိပါတယ်။အဲထဲကမှ အဓိကအသုံးပြုတဲ့
symbol 6 ခု (အခြေခံ အကျဆုံး ) ကအောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
Basic Symbols(основной
символ)
အရှင်းဆုံးဥပမာ တစ်ခုအနေနဲ့
ကိန်းနှစ်လုံးပေါင်းပြီး average ယူတာကို algorithm နှင့် flowchart နဲ့အတူပြပါမယ်။
Algorithm
အဆင့်(၁) ကိန်းနှစ်လုံးတန်ဖိုးကိုထည့်ရပါမယ်
// Input:two number x and y
အဆင့်(၂) ထိုကိန်းနှစ်လုံး
တန်ဖိုးရဲ့ average တန်ဖိုးကို တွက်ချက်ပြီး output ပြရပါမယ်။ //Output: the
average of x and y
Algorithm step:
1.input x
2.input y
3.sum = x+y
4.average = sum/2
5.output -> average
flowchart
Decision(switching
logic)
Decision logic ကို အခြေအနေနှစ်မျိုးမှာ
အသုံးပြုလေ့ရှိပါတယ်။conditon test နှင့် goto command မှာအသုံးပြုလေ့ရှိတာပါ။အသုံးများတာကတော့်
condition test ပါ။
== Equals
!= Not Equal
< Less than
<= Less than or equal to
> Greater than
>= Greater than or equal to
တကယ့်လက်တွေ့မှာ ကွန်ပျူတာက
true/false နှစ်ခုပဲ စစ်ဆေးမှာဖြစ်ပါတယ်။ဥပမာ a=10 , b=20 , c=100 ဟုသတ်မှတ်ထားပါက ၎င်း အား condition test ပြုလုပ်လျှင်
အောက်ပါအတိုင်း ဖြစ်လိမ့်မည် ဖြစ်သည်။
Condition
(Question) "Answer"
Is a == b? No
Is b > a? Yes
Is c <= 100? No
Is c > 90? Yes
ယခုနောက်ထပ် အနေနဲ့ စာမေးပွဲရလဒ်ကို
စစ်ဆေးတဲ့ algoritm တစ်ခုရေးကြည့်ပါ့မယ်။အကယ်၍ ရမှတ်က 50 ထက်ကျော်နေရင် အောင်ပြီး မကျော်ပါက
ကျရှုံးမယ့် algorithm ပဲဖြစ်ပါတယ်။
Algorithm step;
-input mark
- If mark>50 //conditional test
Mark = pass
else
Mark = fail;
- mark(pass(or)fail)
Loop
Loop ဆိုတာကတော့်
serial of instruction တွေကို ထပ်ခါထပ်ခါ ပြုလုပ်တာပါ။(မိမိလိုအပ်တဲ့ အခြေအနေတစ်ခု
မရောက်ခင်အထိ ဖြစ်နိုင်ပါတယ်)။အကယ်၍ ကျွန်တော်တို့ ကိန်း 10 လုံးလိုချင်ရင် လိုကိန်း10
လုံးမပြည့်မချင်း loop ပြုလုပ်မည်ဖြစ်သည်။
ဥပမာ အနေနဲ့ ကိန်း 10 လုံးကို
loop ပြုလုပ်မယ့် flowchart တစ်ခုကိုရေးသားပြပါ့မယ်။
Begin-> A=1 ,
count-> B=10 , ကျွန်တော်တို့ a(1) ကနေပြီး b(10) အထိ သတ်မှတ်မှာပါ။
အထက်မှာဖော်ပြခဲ့တဲ့ အတိုင်းပင် A ရဲ့ Initial value က 1 အနေနဲ့စတင်ပြီး ၎င်း တန်ဖိုးက
B ထက်ငယ်နေသ၍ false ဖြစ်ပြီး module ( သီးသန့် ပြုလုပ်မယ့်အပိုင်းတစ်ခုခု // ဥပမာ
array တစ်ခုထဲကို store ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်)။ ထို့နောက်မှ A မှ 1 တိုးသွားပြီး
B တန်ဖိုးဖြစ်တဲ့ 10 အောက်မငယ်မချင်း loop ပြုလုပ်နေမှာဖြစ်ပါတယ်။ A<B
condition မှန်တော့် နောက်ထပ်မိမိတို့ပြုလုပ်ချင်တဲ့ ဘက်ကို ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။
တစ်ခြား အနည်းငယ်အသုံးပြုသေးတဲ့
case statement နဲ့ while looping ကိုမဖော်ပြတော့်ပါဘူး။
ယခုဖော်ပြခဲ့တဲ့
algorithm ရဲ့ flowchart ကလည်း အခြေခံသဘောတရားတစ်ခုရတဲ့အထိပဲ အကြမ်းဖျဉ်းဖော်ပြပါပေးတာပါ။Loop
တစ်ခုရဲ့ သဘောတရားကိုနားလည်ရင် ကျန်တဲ့ flowchart တည်ဆောက် ပုံတွေ ဆက်လက်ပြီး အလွယ်တကူလေ့လာနိုင်ပါတယ်။
written by zmk@miet51
c++ programming sample programs for students
ReplyDeleteChecks for divide-by-zero and throw exception in c++ language