Installation from usb


Ubuntu အပါအ၀င် linux distro တွေကို usb ကနေ install ပြုလုပ်ဖို့ software တွေအမျိုးမျိုးရှိပါတယ်။ Usb ကနေ double_boot linux တင်ဖို့အတွက် ကျွန်တော်အသုံးပြုတာကတော့် uniboot ပါ။ ၎င်းရဲ့ homepage ဖြစ်တဲ့ http://unetbootin.sourceforge.net/  သွားရောက်ဒေါင်းလော့ချယူနိုင်ပါတယ်။
ဒေါင်းလော့ချပြီးရင် ကျွန်တော်တို့install ပြုလုပ်မယ့် linux_distro ကို ဒေါင်းလော့ချပါ့မယ်။ ကျွန်တော်တို့ ubuntu ကို install ပြုလုပ်မှာဖြစ်တဲ့အတွက် ubuntu ကိုသူ့ရဲ့ homepage ကနေ ဒေါင်းလော့ချပါမယ်။

Uneboot နှင့် ubuntu နှစ်ခုစလုံး ဒေါင်းလော့ချပြီးရင် ပထမဦးစွာ uneboot ကိုဖွင့်လိုက်ပါ။

အဆင့်(၁)

Uneboot နှင့် ubuntu နှစ်ခုစလုံး ဒေါင်းလော့ချပြီးရင် ပထမဦးစွာ uneboot ကိုဖွင့်လိုက်ပါ။
1 -> Diskimage ကိုရွေးချယ်ပါ။
2-> မိမိ usb တည်ရှိတဲ့ drive letter ကိုရွေးချယ်ပေးပါ။
3-> မိမိ download ပြုလုပ်ထားတဲ့ ubuntu တည်ရှိတဲ့ ဖိုင် location ကိုရွေးချယ်ပေးပါ။

ထို့နောက် ok ပေးလိုက်ပြီးပါက process ပြုလုပ်ပြီးသွားသော် restart တောင်းသောအခါ restart ပေးလိုက်ပါ။


အဆင့်(၂)
bootable drive ကို usb ဖြစ်အောင်ရွေးချယ်ရမှာဖြစ်ပါတယ်။ reboot ပြန်တက်တဲ့အခါ BIOS ကိုသွားပါ။

ထို့နောက် boot_tab မှ hard_disk_drives ကိုရွေးချယ်ပါ။

ထို့နောက် ထိုထဲမှ 1_st drive အား usb ကိုရွေးချယ်လိုက်ပါ။

အဆင့်(၃)

ထို့နောက် boot_tab အောက်မှ Boot Device Priority အားရွေးချယ်ပြီး first_boot အား usb ရွေးချယ်၍ save ပြုလုပ်ပြီး restart ပြုလုပ်ပေးလိုက်ပါ။ reboot ပြန်တက်လာသောအခါ usb မှ reboot ပြန်တက်လာမည်ဖြစ်သည်။



ဆက်လက်၍ installation ပြုလုပ်ခြင်းသည် ပုံမှန်အတိုင်း ဒီနေရာ တွင် သွားရောက်လေ့လာနိုင်သည်။

No comments:

Post a Comment