ASCII

ASCII(American Standard Code for Information Interchange)(Американский стандартный код для обмена информацией)

ASCII (ass-kee ဟုအသံထွက်သည်) ဆိုသည်မှာ English alphabet ပေါ်တွင်အခြေခံထားသော character-encoding စနစ်ပင်ဖြစ်သည်။ထိုစနစ်တွင်ပါဝင်သောalphabet များကို 0 မှ 127 အတွင်းပါဝင်သော ကိန်းဂဏာန်းများဖြင့် ဖော်ပြ၍ကိုယ်စားပြုထားသည်။ဥပမာ english alphabet တွင် uppercase တစ်ခုဖြစ်သော M အက္ခရာအား ASCII code တွင် 77(decimal number) ဖြင့်ဖော်ပြမည်ဖြစ်သည်။

ကွန်ပျူတာများစတင် development ဖြစ်ချိန်တွင် အမျိုးမျိုးသော computer companies များသည် binary system များအား ကိုယ်ပိုင်နည်းလမ်းအားဖြင့်သာ အသုံးပြုကြသည်။ဆိုလိုသည်မှာ MIET ဟူသော အက္ခရာ၏ code သည် အခြား brands မတူသော ကွန်ပျူတာ တစ်ခု၏ MIET ဟူသော အက္ခရာ၏ code နှင့်တူညီမည်မဟုတ်ပေ။ထို့ကြောင့်နောက်ဆုံးတွင် အခြေခံစနစ်တစ်ခု ကို develop ပြုလုပ်ခဲ့ကြပြီး ကွန်ပျူတာ ထုတ်လုပ်သူများသည် ASCII ဟုခေါ်သော code တစ်ခုတည်းကိုသာ အသုံးပြုရန်အတည်ပြုခဲ့ကြသည်။

Computer များသည် 0 နှင့် 1 ဖြင့်သာလျှင်ဖွဲ့စည်းထားသော binary code များဖြင့်သာအလုပ်လုပ်မည် ဖြစ်သည်။ထို 0 (သို့) 1 တစ်ခုချင်းစီအား a bit ဟုခေါ်ဆိုကြသည်။ASCII သည် 8-bit code ဖြစ်သည်။ထို့ကြောင့် အက္ခရာ(letter) တစ်ခုအား ဖော်ပြရန် 8-bit သုံးမည်ဖြစ်သည်။(ထို 8-bit အား 1-byte ဟုခေါ်သည် - 8 bit=1 byte - )။8 digit ပါဝင်သော one binary code တစ်ခုသည်( ဥပမာ 1011 1001 ) ကျွန်ပျူတာ memory တွင် store ပြုလုပ်ရန် one byte ယူမည်ဖြစ်သည်။ MIET ဟူသော စကားလုံးသည် 01001101(M), 01001001(I), 01000101(E), 01010100(T) ဖြစ်မည်ဖြစ်သည်။သို့သော် miet ဟူသော စကားလုံး၏ ASCII code သည် 01101101(m), 01101001(i), 01100101(e), 01110100(t) ဖြစ်ပြီး MIET ဆိုသော စကားလုံး၏ ASCII code နှင့်တူညီလိမ့်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ASCII code တွင် အက္ခရာများ ကိန်းဂဏာန်းများ သင်္ကေတများအတွက် 8-bit ASCII code တစ်ခုစီသီးသန့်တည်ရှိပေသည်။ Blank space အတွက်ပင် ASCII code တစ်ခုရှိသည်ဖြစ်သည်။Computer များတွင် ASCII code များအား text များအဖြစ် ဖော်ပြရန်နှင့် data transfer ပြုလုပ်ရန်အဓိကထား အသုံးပြုသည်။


http://en.wikipedia.org/wiki/ASCII 

Written by zmk@miet51

No comments:

Post a Comment