Google_earth ( alternative view)


Google earth ကိုအသုံးပြုတဲ့သူတွေ ရှိကြမှာပါ။ ကျွန်တော်လည်း အစတုန်းက ကောင်းကောင်းမသုံးတက်ပါဘူး။ နေရာလေးဘာလေး သွားကြည့်တာပါ။  (ဥပမာ နော်မန်ဒီ ကန်ခြေတိုက်ပွဲ ဇာတ်ကားပြီးရင် အဲနေရာကို သွားကြည့်တာပါ  ရောက်ဖူးတယ်ရှိအောင်လို့ပါ..:P)။ အသေးစိတ် အသုံးပြုပုံကိုတော့်   http://support.google.com/earth/bin/answer.py?hl=en&topic=2376018&answer=148176&parent=2376017&rd=1 လင့်မှာသွားရောက်လေ့လာနိုင်ပါတယ်။ install ပြုလုပ်ပုံအနည်းငယ်ရှိပါတယ်. တစ်ချို့ကတော့် command_line ကနေပြုလုပ်ပါတယ်။ ကျွန်တော်ကတော့် အလွယ်တကူ သူရဲ့မူရင်း page ကနေဒေါင်းလော့ချပါတယ်။
ပထမဦးဆုံး google_earth ကို ဒေါင်းလော့လုပ်ဖို့အတွက် google မှ earth ကိုသွားပါ။

မိမိစက်နဲ့ကိုက်ညီမယ့် package ကိုရွေးချယ်ဒေါင်းလော့လုပ်ပါ။


ကျွန်တော်တို့ ဒေါင်းလော့ချလို့ရတာတဲ့ .deb ဖိုင်ကို double click ပြုလုပ်လျှင် software မှ တစ်ဆင့် အလွယ်တကူ install ပြုလုပ်နိုင်ပါတယ်။



ပြီးရင် google_earth ကိုအောက်ပါအတိုင်းတွေ့မြင်ရမှာပါ။


ထို့အပြင် google_earth ကို alternative view(marble) အနေနဲ့ အသုံးပြုခြင်ရင်တော့် အောက်ဖော်ပြပါ  command ကိုအသုံးပြုပါ။
sudo apt-get install marble


No comments:

Post a Comment