Script proxy sever
ဆိုတာကတော့် client PCs တွေနဲ့ ပုံမှန်အားဖြင့်တော့် Internet(website) ကြားမှာ
ကြားခံထားတဲ့ ကြားခံတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့် internet
access speed ကို increase ဖြစ်လာဖို့နဲ့ bandwith usage
ကိုလျော့ချဖို့ပဲဖြစ်ပါတယ်။
ဥပမာ ကျွန်တော်တို့ block
တစ်ခုမှာ ကွန်ပျူတာ 5 လုံးကို connection တစ်ခုတည်းမှာ share ထားလိုက်ပြီး
user(client)တွေက facebook တစ်ခုတည်းကိုပဲ request ပြုလုပ်နေလျှင် တူညီတဲ့ webpage
တစ်ခုတည်းကို client 5 ခုစလုံး download ပြုလုပ်နေတဲ့အတွက် connection ကိုနှေးစေပါတယ်
ထို့အပြင် limit လိုက်ပေးချေရတဲ့ services တွေဆိုရင်လည်း internet ၀န်ဆောင်ခ
ပိုမိုကုန်ကျမှာဖြစ်ပါတယ်။(တစ်ချို့ office တွေမှာဆိုရင် ကွန်ပျူတာ အလုံး 100
လောက်ရှိရင် သိသာပါတယ်.)
ဒါတွေကြောင့် အဓိက
လုပ်ဆောင်ချက်အရ proxy sever ကိုအသုံးပြုကြတာပါ။user နဲ့ internet ကြားမှာ buffer
အနေနဲ့လုပ်ဆောင်ပြီး တစ်ခြားသော လုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။
ဘယ်လိုမျိုးစက်ကို proxy
sever အသုံးပြုမယ်ဆိုကတော့် မိမိအသုံးပြုနေတဲ့ network topology ပေါ်မူတည်ပြီး
ဆုံးဖြတ်ရမှာပါ။ခုဖော်ပြမှာကတော့် install ပြုလုပ်နည်းပဲဖြစ်ပါတယ်။
Ubuntu မှာ install
ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ command ကိုအသုံးပြုရုံပါပဲ။
sudo apt-get install squid
squid ဖိုင်ကို edit ပြုလုပ်ဖို့အတွက်
အောက်ဖော်ပြပါ command ကိုအသုံးပြုပါ။
gksudo gedit/etc/squid/squid.comf
squid
configuration ပြုလုပ်တာကတော့် မဖော်ပြတော့်ပါဘူး လို အပ်ရင် https://help.ubuntu.com/11.04/serverguide/squid.html သွားရောက်လေ့လာနိုင်ပါတယ်။
ပြီးရင်တော့် configuration
ပြုလုပ်ခြင်းအား effect ဖြစ်စေဖို့အတွက် restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
sudo /etc/init.d/squid restart
အကယ်၍ squid ကို GUI အနေနဲ့ အသုံးပြုချင်ရင် Gadmin-Squid ကိုအသုံးပြုနိုင်ပါတယ်။အောက်ဖော်ပြပါ command line အားအသုံးပြုပါ။(software center မှလည်း install ပြုလုပ်နိုင်ပါတယ်။)
sudo apt-get install gadmin-squid
#squit server tutorial အား လေ့လာလိုပါက youtube တွင်လေ့လာနိုင်ပါတယ်။
No comments:
Post a Comment