Macchanger (MAC_address changer)


MAC address ဆိုတာကတော့် NIC(network card) ပေါ်က firmware ပေါ်မှာရေးထားတဲ့ coded ဖြစ်ပါတယ်. MAC ကိုချိန်းဖို့ဆိုတာ firmware ထဲက data တွေကိုချိန်းမှရမှာပါ။ဆိုလိုတာကတော့် ယခု MAC address change ဆိုတာကတော့် temporary change ခြင်းပဲဖြစ်ပါတယ်။(အကြောင်းအမျိုးမျိုးကြောင့် ချိန်းကြပါတယ်။(ကျွန်တော်တို့ဆီမှာ internet access ပေးထားတဲ့ MAC address အဟောင်းတွေကို service မှာပြန်မပြောင်းချင်လို့ ချိန်းသုံးတာများပါတယ်။)။


Ubuntu များ mac_address ချိန်းနည်း အနည်းငယ်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့် default အနေဖြင့် ifconfig ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကတော့် macchanger ကိုအသုံးပြုပါတယ်။ ၎င်း မှာ feature အနည်းငယ် ပိုမိုပါဝင်ပါတယ်။
* Set specific MAC address of a network interface
 * Set the MAC randomly
 * Set a MAC of another vendor
 * Set another MAC of the same vendor
 * Set a MAC of the same kind (eg: wireless card)

ကျွန်တော်တို့ macchanger ကို install အသုံးပြုဖို့ အောက်ပါ command line ကိုအသုံးပြုပါ။
sudo apt-get install macchanger

ကျွန်တော်တို့ ၎င်းကို အသုံးပြုနည်းအား --help ကိုခေါ်ယူ၍ ကြည့်ရှု့နိုင်ပါတယ်။


 mac ချိန်းရန်အတွက် ပုံပါအတိုင်း အောက်ပါ command ကိုအသုံးပြုရမှာဖြစ်ပါတယ်။
macchanger -m XX:XX:XX:XX:XX:XX eth0
xx:xx:xx:xx:xx:xx နေရာမှာ မိမိ အသုံးပြုမယ့် mac_address ကိုအသုံးပြုရမှာပါ။ eth0 ဆိုကတာကတော့် access ပြုလုပ်တဲ့ local ပါ။အောက်ဖော်ပြပါ command နဲ့ net အချက်အလက်ကို ကြည့်ရှု့နိုင်ပါတယ်။
ifconfig


 အခုအသုံးပြုတဲ့ macchanger ဆိုတာကတော့် command_line အနေနဲ့အသုံးပြုတာပါ။(backtrace မှာလည်း macchanger ကိုအသုံးပြုလို့ကောင်းပါတယ်)။

ကျွန်တော်တို့ ubunut မှာ GUI မှ တစ်ဆင့် ပြင်ဆင်ချင်ရင်တော့် network connection မှ edit မှ သွားရောက်ဖြည့်စွက် ပြင်ဆင်နိုင်ပါတယ်။



No comments:

Post a Comment