Basic programming concept(компилятор,интерпретатор)

Basic programming concept

Programming တစ်ခုကိုလေ့လာတော့်မယ်ဆိုရင် basic programming concepts အနေဖြင့်သိသင့်စရာတွေ အလွန်များပြားပါတယ်။ သို့သော် အနိမ့်ဆုံးအနေဖြင့် မိမိလေ့လာမည့်  programming language သည်မည်ကဲ့သို့ operate ပြုလုပ်သည်အား အခြေခံအကျဆုံးအနေဖြင့်သိသင့် ပါတယ်။ကွန်ပျူတာ တစ်ခုကို အကြမ်းအားဖြင့် ချုံငြုံကြည့်လျှင် hardware နှင့် software ပေါင်းစပ်ထားတယ်လို့ ပြောဆိုနိုင်ပါတယ်။ ကွန်ပျူတာတစ်ခုကို set of instruction(ညွှန်ကြားချက်) တွေပြောဆိုတဲ့အရာကို software လို့ပြောဆိုနိုင်ပြီး ထိုညွှန်ကြားချက် instruction တွေကို ကွန်ပျူတာမှာ စက်ပိုင်းဆိုင်ရာ execute လုပ်တဲ့အရာကို hardware လို့ခေါ်ဆိုနိုင်ပါတယ်။

Computer programming ဆိုတာ ကွန်ပျူတာကို စေခိုင်းချက်တွေခိုင်းပြီးတော့် ရလဒ်တွေပြသခိုင်းတဲ့ ညွှန်ကြားချက်တွေကိုရေးသားတဲ့ ( instructions ) ပညာရပ်တစ်ခုဖြစ်ပါတယ်။ကွန်ပျူတာတစ်ခုရဲ့ အဓိက အလုပ်လုပ်တဲ့အရာဟာ CPU(Central Processing Unit) ဖြစ်တာတဲ့အညီ instructions တွေဟာ နောက်ဆုံး CPU ကိုရောက်ရှိမှာဖြစ်ပါတယ်။
CPU ဟာ C++ အပါအ၀င် မည်သည့် programming language ကိုမှ တိုက်ရိုက်နားလည်မှာမဟုတ်ပါဘူး။CPU တိုက်ရိုက်နားလည်နိုင်တဲ့ Language ကတော့် instruction set လို့ခေါ်တဲ့ machine code (သို့) machine language ကိုပဲနားလည်မှာဖြစ်ပါတယ်။manchine code(instructions set) တွေဟာ 0 နဲ့ 1 နှစ်ခုတည်းပါတဲ့ binary digit တွေနဲ့သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။CPU ဟာ set of binary digits တွေကို တိကျတဲ့ instruction အဖြစ်သို့ ပြောင်းလဲပြီး တိကျတဲ့ အလုပ်တွေကိုလုပ်စေပါတယ်။ကွဲပြားခြားနားတဲ့ CPU တွေမှာ ပုံမှန်အားဖြင့်ကွဲပြားခြားနားတဲ့ instruction set တွေရှိတက်ပါတယ်(ဆိုလိုတာက Pentium4 ပေါ်မှာ run တဲ့ instruction တွေဟာ Macintosh PowerPC base computer တွေပေါ်မှာ run မှာမဟုတ်ပါဘူး)။

ကွန်ပျူတာတွေစတင်ထုတ်လုပ်စဉ် အခါက programmers တွေဟာ CPU တိုက်ရိုက်နားလည်နိုင်တဲ့ machine language ကိုရေးသားကြတဲ့အခါမှာ အလွန်ခက်ခဲစွာနဲ့ အချိန်ကုန်ခံစွာရေးသားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့် ထို machine language ဟာ တွက်ချက်ဖို့ အလွန်ခက်ခဲပါတယ် ထိုအခက်အခဲတွေကို အဆင်ပြေစေရန်အတွက် assembly language ကို ဦးစွာစတင်ဖန်တီးခဲ့ပါတယ်။ Machine Language ထက်စာရင် assembly language သည် လွယ်ကူစွာ ရေးနိုင် ဖတ်နိုင် သော်လည်း CPU ကတိုက်ရိုက် နားလည်တော့်မှာ မဟုတ်ပါဘူး။ထို့သို့ CPU ကနားလည်စေရန် assembler ကိုအသုံးပြုပြီး machine language ကိုပြောင်းလဲရပါတယ်။သို့သော် assembly language သည် သာမာန် user တစ်ယောက်အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ရန် လိုအပ်ချက် များစွာရှိနေဆဲဖြစ်သည်။(ထို manchine language နှင့် assembly language များအား low-level language များဖြစ်ကြသည်)။

ထိုကဲ့သို့သော အားနည်းချက်များကို ပြင်ဆင်ရန်အတွက် high-level languages တွေကို ထပ်မံဖန်တီးခဲ့ပါတယ်။ C,C++,Pascal,Java,etc.. တို့ဟာ high-level languages တွေဖြစ်ပါတယ်။ထို high-level language များဖြင့်ရေးသားသော program များသည် execute မလုပ်ခင် CPU နားလည်စေရန် translate ပြုလုပ်ရပါတယ်။ထိုသို့ translate ပြုလုပ်ရာတွင် အဓိကအားဖြင့် နည်းလမ်း(၂)ခုမျိုးသာရှိပါတယ်။ Complier ကိုအသုံးပြုတဲ့ compiling နည်းနှင့် Interpreter ကိုအသုံးပြုတဲ့ interpreting နည်းတို့ပင် ဖြစ်ပါတယ်။

Compiler(компилятор)
Complier ဆိုတာ High-level language code တွေကို CPU မှတိုက်ရိုက်နားလည်နိုင်တဲ့ executable code တွေရရှိအောင်  ပြုလုပ်တဲ့  program တစ်ခုဖြစ်ပါတယ်။




Interpreter(интерпретатор)
Interpreter ဆိုတာ code တွေကို machine language အဖြစ်သို့ translate ပြုလုပ်ပြီး နောက်ထပ် instruction တွေ process မပြုလုပ်ခင် execute ပြုလုပ်တဲ့ program တစ်ခုဖြစ်ပါတယ်။



C++ language ဟာ compile language ဖြစ်ပါတယ်. ဒါကြောင့် ကျွန်တော်တို့ဟာ c++ language ကို အသုံးပြုတော့်မယ်ဆိုရင် compiler တစ်ခုခုကို အသုံးပြုရဖို့လိုအပ်မှာဖြစ်ပါတယ်။
(Top 10 Best C/C++ Compilers And IDEs )
(ယခုဆက်လက်ဖော်ပြမည့် tutorial များတွင် vs2008 compiler အားအသုံးပြုမည်ဖြစ်ပါသည်)

Written by zmk@miet51

1 comment: