Linux ဖိုင် system သည် hierchical စနစ်အား အခြေပြု၍ ရှင်းလင်းလွယ်ကူစွာ တည်ဆောက် ထားသည်ကို တွေ့မြင်နိုင်သည်။ Distro တစ်ခုနှင့် တစ်ခု တိကျစွာ မတူညီနိုင်သော်လည်း အခြေခံ အကျဉ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။
/(root)
သီးခြားသီးသန့်ဖိုင်များနှင့်
directory များသည် root direactory မှစတင်သည်။ root user တစ်ယောက်သာလျှင် ထို
directory အား ရေးသားပြင်ဆင်ခွင့်ရှိသည်။ (Linux တွင် folder များအား directory
ဟုခေါ်ဆိုလေ့ရှိသည်)
/bin(User Binaries)
ထို directory တွင်
binary executables များတည်ရှိသည်။သီးသန့် user တစ်ယောက်အနေဖြင့် အသုံးများသော
Common linux commands များသည် ထို directory အောက်တွင်တည်ရှိသည်။
System users များအားလုံးသုံးသော commands များသည်လည်း ထို directory အောက်တွင် တည်ရှိသည်။
System users များအားလုံးသုံးသော commands များသည်လည်း ထို directory အောက်တွင် တည်ရှိသည်။
/boot(Boot Loader Files)
booting up ပြုလုပ်နေချိန်တွင် လိုအပ်သော informations များ ထိန်းသိမ်းရာနေရာဖြစ်သည်။Linux
၏ kernal အားသိမ်းဆည်းရာနေရာလည်း ဖြစ်သည်။ ( /boot အောက်တွင် vmlinuz သည် kernal
ဖြစ်သည်)
/sbin(System Binaries)
/bin ကဲ့သို့ /sbin
ထဲတွင်လည်း binary executables များတည်ရှိသည်။ သို့သော် ထို dictionary
ထဲတွင်တည်ရှိသော linux commands များသည် system administarator အားဖြင့် system
အား maintenance ပြုလုပ်ရန်အတွက် အသုံးပြုသော commands များသာ တည်ရှိသည်။
(ဥပမာ ipconfig,reboot,swapon,..)
(ဥပမာ ipconfig,reboot,swapon,..)
/etc(Configuration
Files)
Program များအားလုံး
လိုအပ်သော configuration files များတည်ရှိသည်။ သီးခြား programs များအား
start/stop ပြုလုပ်ရန်အတွက် startup/shutdown shell scripts များတည်ရှိသည်။
/dev(Device Files)
Device files
များပါဝင်သည်။ usb (သို့) system သို့လာရောက်ချိတ်ဆက်သော device များ၏
အဓိက မူရင်းနေရာဖြစ်သည်။
/proc(Process
Information)
Running process အတွက်
file system တစ်ခုဖြစ်သည်။/proc dierctory တွင် system’s process နှင့် system’s
resource ၏ information များတည်ရှိသည်။ (ဥပမာ information about CPU usage,memory
is being used,how many tcp/ip session are active,…..)
/home(Home Directories)
User အားလုံးအတွက်
သက်ဆိုင်ရာ personal ဖိုင်များ သိမ်းဆည်းရာနေရာဖြစ်သည်။ (ဥပမာ . home/zaw ,
/home/MIET … )
/temp
created လုပ်ရန်လိုအပ်သော temporary files များအားလုံး၏ သိမ်းဆည်းရာနေရာဖြစ်သည်။ ထို directory အောက်တွင်ရှိသော file များသည် system reboot ဖြစ်ချိန်တွင် auto delete ဖြစ်မည်ဖြစ်သည်။
created လုပ်ရန်လိုအပ်သော temporary files များအားလုံး၏ သိမ်းဆည်းရာနေရာဖြစ်သည်။ ထို directory အောက်တွင်ရှိသော file များသည် system reboot ဖြစ်ချိန်တွင် auto delete ဖြစ်မည်ဖြစ်သည်။
/usr
User များအသုံးပြုနိုင်သော programs များ program source code များနှင့် document များ သိမ်းဆည်းရာ နေရာဖြစ်သည်။
User များအသုံးပြုနိုင်သော programs များ program source code များနှင့် document များ သိမ်းဆည်းရာ နေရာဖြစ်သည်။
/var
ပုံမှန်အားဖြင့် ပြောင်းလဲနေသော file များ ၏ သိမ်းဆည်းရာနေရာဖြစ်သည်။(ဥပမာ system logo ကဲ့သို့သော ဖိုင်များသည် /var/log အောက်တွင်တည်ရှိမည်ဖြစ်သည်.)
ပုံမှန်အားဖြင့် ပြောင်းလဲနေသော file များ ၏ သိမ်းဆည်းရာနေရာဖြစ်သည်။(ဥပမာ system logo ကဲ့သို့သော ဖိုင်များသည် /var/log အောက်တွင်တည်ရှိမည်ဖြစ်သည်.)
/lost+found
system crash ဖြစ်သောအခါ
file များအားသိမ်းဆည်းရာနေရာဖြစ်သည်။ထို့ကြောင့် lost ဖြစ်သွားသော file များအား
ပြန်လည် recover ပြုလုပ်နိုင်သည်။
/mnt
mount points အတွက်အသုံးပြုသော directory ဖြစ်သည်။ အမျိုးမျိုးသော physical storages (ဥပမာ hard disk,floppies,CD-ROM’s) များသည် system တွင် အလုပ်မလုပ်ခင် လာရောက် access ပြုလုပ်ရန်လိုသည်။(ထိုကဲ့သို့ attach ပြုလုပ်ချင်းအား mounting ဟုခေါ်ဆိုပြီး ထို device များလာရောက်ချိတ်ဆက်သော နေရာအား mount point ဟုခေါ်သည်)

No comments:
Post a Comment