Installation(from DVD)


ဘလော့မှာ ubnutu topic တစ်ခုအနေနဲ့ လုပ်လိုက်တာကြောင့် installation ပြုလုပ်တာကနေစပြီး ဖော်ပြလိုက်တာပါ။ အခုဖော်ပြမဲ့ guide ကတော့် window_os  တင်ပြီးသားတစ်ခုခုကို unbuntu ထပ်မံတင်မှာပါ။ ဆိုလိုတာကတော့် double_boot တင်ပါမှာ။ပုံမှန်အတိုင်းပဲ dvd ကနေတင်မှာပဲဖြစ်ပါတယ်။

(Usb ကနေ double_boot linux တင်ဖို့အတွက် ကျွန်တော်အသုံးပြုတာကတော့် uniboot ပါ။(တစ်ခြားဆော့်ဝဲတွေလည်းရှိပါတယ် http://unetbootin.sourceforge.net/  )

ကျွန်တော်တို့အသုံးပြုမည့် ubuntu os ကို သူ့ရဲ့ home_page ကနေ ဒေါင်းလော့ ချယူပါ။
http://www.ubuntu.com/ ကနေ နောက်ဆုံး version ကို ဒေါင်းလော့ချယူပါ။(ubuntu desktop)။ dvd burn ပြီးတဲ့အခါ dvd_drive ကနေ boot တက်လိုက်ပါ။

Step(1)
ပုံတွင် try နှင့် install နှစ်ခုရှိပါတယ်။install ပြုလုပ်မှာ ဖြစ်တဲ့အတွက် install ubuntu ကိုပဲရွေးချယ်မှာဖြစ်ပါတယ်။



Step(2)

Install third-party software ကိုရွေးချယ်စေချင်ပါတယ်(မရွေးချယ်လည်းရပါတယ်)။မရွေးချယ်ရင်တော့် နောက်ပိုင်း flah,mp3 နဲ့ တစ်ခြား media တွေအတွက် package များထပ်မံ ထည့်သွင်းရမှာဖြစ်ပါတယ်။


Step(3)
Installation type ပေါ်လာပြီ ဖြစ်ပါတယ်။ မိမိအသုံးပြုမဲ့တစ်ခုခု ရွေးချယ်ရမှာဖြစ်ပါတယ်။ ပထမဆုံးပုံကတော့်
မိမိတင်ထားတဲ့ os နဲ့ အတူတူ အသုံးပြုမှာဖြစ်ပါတယ်. ဒုထိယပုံကတော့် လက်ရှိအသုံးပြုနေတဲ့ os ကိုပယ်ဖျက်လိုက်ပြီး ၎င်းနေရာမှာ ubuntu ကိုအစားသွင်းမှာ ဖြစ်ပါတယ်။
တတိယနေရာကတော့် မိမိစိတ်ကြိုက် partition ပိုင်းပြီး ubuntu ကိုတင်မှာဖြစ်ပါတယ်။

(စိတ်ကြိုက် partation ခွဲပြီး double boot တင်မှာ ဖြစ်တဲ့အတွက် Something else ကိုရွေးချယ်မှာပါ)


Step(4)
ကျွန်တော်တို့ something else ရွေးချယ်လိုက်ရင်တော့် အောက်ဖော်ပြပါအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ install လုပ်မယ့် partition ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။မိမိရွေးချယ်ထားတဲ့ partition ကို ရွေးချယ်ပြီးပါက delete လုပ်လိုက်ပါ။ထို့နောက် delete လုပ်လိုက်သော အပိုင်းသည် free space ဟုပေါ်လာလိမ့်မည်ဖြစ်သည်။


ထို့နောက် add ကိုနှိပ်ပါက create partition box ပေါ်လာလိမ့်မည် ဖြစ်သည်။

Partition size အား မိမိနှစ်သက်သလိုသတ်မှတ်ပါ။(swamp partition အတွက် size အနည်းငယ်ချန်ထားသင့်သည် ပုံမှန်အားဖြင့် မိမိစက်၏ RAM ပမာဏ၏ နှစ်ဆခန့် အသုံးပြုကြသည်.သို့သော် 6 Gb ထက်ပိုမိုသုံးစွဲရန်မလိုအပ်ပေ။)use as box တွင် Ext4 ဖိုင် system ရွေးချယ်ပါ။(၎င်းသည် ubuntu အတွက် recommended file system ဖြစ်သည်။ ဥပမာ window အတွက်ဆိုလျှင် NTFS)။ Mount point နေရာတွင် / အားရွေးချယ်ပါ။



Step(5)

အထက်ဖော်ပြပါ နည်းအတိုင်း swamp partition ဆက်လက် ဖန်တီးနိုင်သည်ဖြစ်သည်။(use as နေရာတွင် swamp area အားရွေးချယ်ရန်လိုအပ်ပြီး mount point နေရာတွင် မည်သည်ကိုမျှ ရွေးချယ်ရန်မလိုအပ်ပေ။)


Step(6)

ထို့နောက်တွင် ext(4) ပေးခဲ့သော ubuntu တင်ရန်သတ်မှတ်ထားခဲ့သော partition(ext4) အား click ပေး၍ install now ပြုလုပ်နိုင်သည် ဖြစ်သည်။

Step(7)

Location အားရွေးချယ်ပြီး continue ပြုလုပ်ပါ။



Step(8)

Keyboard layout တွင် မိမိအသုံးပြုမည့် font အားရွေးချယ်ပါ။


Step(9)

Who you are? တွင် သက်ဆိုင်ရာ အချက်အလက်များအား ထည့်သွင်းပါ။



Step(10)

Installation screen ပေါ်လာမည်ဖြစ်ပြီး installation ပြီးဆုံးသည်အထိ စောင့်လိုက်ပါ။


Step(11)

Installation ပြီးဆုံးပါက restart တောင်းလိမ့်မည်ဖြစ်ပြီး restart ပြုလုပ်ပေးလိုက်ပါ။

Step(12)

အောက်ဖော်ပြပါ အတိုင်း reboot ပြန်လည်တက်လာပါက installation ပြုလုပ်ခြင်းပြီးဆုံးသွားမှာ ဖြစ်ပါတယ်။


No comments:

Post a Comment