Conky ဆိုတာကတော့်
ဘက်စုံသုံးလို့ရတဲ့ desktop mornitor system တစ်ခုပါ။processor,memory နဲ့ network
အသုံးပြုမှု့တွေ အပါအ၀င် အချက်အလက်တော်တော်များများကို တွက်ချက်ဖော်ပြနိုင်ပါတယ်။
conky တစ်ခုကို script တွေ ကျယ်ပြန့်စွာရေးနိုင်သလောက် ချဲ့ထွင်နိုင်ပါတယ်။
ဒီနေရာမှာတော့် conky
ကိုရေးသားတဲ့ parameter တွေ argument တွေ function တွေ ဖော်ပြပါမှာမဟုတ်ပါဘူး။
ရေးထားပြီးသား script အသေးလေးတွေကိုပဲ အသုံးပြုနည်း install
ပြုလုပ်နည်းကိုဖော်ပြပေးမှာပါ။ တစ်ခုလောက်နားလည်ရင် နောက်ပိုင်း သဘောတရားတွေ
ကအတူတူပါပဲ။
အခု conky ကိုအသုံးပြုဖို့အတွက်
conky ကို install ပြုလုပ်ရပါမယ်။
Terminal ကနေ အောက်ဖော်ပြပါ
command ကိုရိုက်ထည့်ပေးပါ။
sudo apt-get install conky-all
ပြုလုပ်ပြီးလျှင် ကျွန်တော်တို့ conky script ကို download ပြုလုပ်ဖို့အတွက် http://gnome-look.org/content/show.php/Conky+lua?content=139024 လင့်ကိုသွားရောက်ပြီး Conky Lua ကို ဒေါင်းလော့ချပါ။(
ရိုးရှင်းပြီး install လုပ်ပြရတာ လွယ်လို့ရွေးလိုက်တာပါ)။
ဒေါင်းလော့လုပ်လို့
ရလာတဲ့ ဖိုင်ကို right ထောက်ပြီး extract ပြုလုပ်ပါ။ extract ဖြစ်လာတဲ့ ဖိုင်ထဲသော
တစ်ခြားသော linux_distro တွေအတွက် ဖိုင်တွေပါပါတယ် ။ ကျွန်တော်တို့ ubuntu အတွက်ပဲ
အသုံးပြုမှာ ဖြစ်တဲ့အတွက် ubuntu ဖိုဒါကို ဆက်လက် extract ပြုလုပ်ပါ။
Extract
ပြုလုပ်လို့ရလာတဲ့ ubuntu ဖိုဒါထဲကို ဖွင့်ကြည့်လိုက်ရင် file 3 ခုကိုတွေ့ရမှာဖြစ်ပါတယ်။
conkyr ဆိုတဲ့ ဖိုင်ကို
.conkyrc လို့ rename ပေးပြီး home folder အောက်ကို copy&paste ပေးလိုက်ပါ။
ဖိုင်နာမည်မှာ . ပါနေတဲ့အတွက်
home foler အောက်က .(hidden file) တွေကိုမြင်နိုင်ဖို့အတွက် clt+h
အသုံးပြုနိုင်ပါတယ်။
Home folder အောက်မှာပဲ
.conky နာမည်နဲ့ folder တစ်ခုဆောက်ပြီး အဲဒီ ဖိုဒါထဲကို ခုနက ကျန်ရှိနေတဲ့ extract
ပြုလုပ်ထားတဲ့ ဖိုဒါထဲက ဖိုင်နှစ်ခုကို ကူးယူထည့်လိုက်ပါ။( .conkyrc ဖိုင်နဲ့
.conky ဖိုဒါ နစ်ခုဟာ home folder အောက်မှာ တည်ရှိနေမှာဖြစ်ပါတယ်.)
ထိုသို့ ကူးယူပြီးလျှင်
.conkyrc ဖိုင်ကို ဖွင့်ပြီး ခုန ဖိုဒါရဲ့ location ကိုချိန်းပါမယ်။
/~.lua/script/clock_rings.lua
နေရာမှာ ယခု ရောက်ရှိသွားတဲ့နေရာဖြစ်တဲ့ /.conky/clock_rings.lua
သို့ချိန်းလိုက်ပါမယ်။
ပြီးရင်တော့် run ဖို့အတွက်
terminal ကနေပြီး conky လို့ရိုက်ထည့်လိုက်ရင်ရပါပြီ။
တစ်ခြား conky တွေကို
install ပြုလုပ်လျှင်လည်း ထို့နည်းအတူပါပဲ ။ တစ်ချို့ conky script များတွင်
internet မှ တစ်ဆင့် code ပြန်ထည့်ရန် (ဥပမာ weather ) ဆိုလျှင်လည်း အနည်းငယ်
ထပ်မံပြင်ပေးဖို့လိုပါလိမ့်မယ်။သို့သော် သဘောတရားများကတော့်အတူတူပဲ ဖြစ်ပါတယ်။
# computer စဖွင့်ဖွင့်ချင်းမှာ conky run နေစေရန်အတွက်
Startup application -> Add -> command မှာ conky
လို့ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
No comments:
Post a Comment